ဟင်္သာတ ဇန်နဝါရီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူများအနက် အကျဉ်းသား (၁၀၄)ဦး၊ အကျဉ်းသူ (၁၃)ဦး၊ စုစုပေါင်း (၁၁၇)ဦးတို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၄-၁-၂၀၂၅ ရက်စွဲပါအမိန့်အမှတ်၊ (၂/၂၀၂၅)အရ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)ဖြင့် “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပါသည်။
အဆိုပါလွတ်ငြိမ်းသက်သာခွင့်ပြုသည့် အခမ်းအနားအား ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဟင်္သာတအကျဉ်းထောင်အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပြီး လွတ်မြောက်သွားသူ အကျဉ်းသား/သူများအား ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အကျဉ်းဦးစီးဌာန၊ ဟင်္သာတအကျဥ်းထောင်မှတာဝန်ခံအရာရှိ ဦးသန်းဇော်ဝင်းတို့မှ ဆုံးမအမှာစကား ပြောကြားခဲ့ပြီး လွတ်မြောက်သွားသူ အကျဉ်းသား/သူ (၁၁၇)ဦးတို့အား လွတ်လက်မှတ်များပေးအပ်ခြင်းနှင့် လိုအပ်သော ကူညီထောက်ပံ့မှုတို့အား ဆောင်ရွက်ပေးခဲ့ပြီး အကျဉ်းထောင်မှ လွှတ်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)