ညောင်ဦး ဇန်နဝါရီ ၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသားနှင့်အကျဉ်းသူတို့အား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးပွဲကို ယနေ့ နေ့လယ် ၁၂ နာရီအချိန်က ညောင်ဦးအကျဉ်းထောင်ဝင်းရှိ ဓမ္မာရုံ၌ပြုလုပ်ခဲ့ ကြောင်းသိရဿည်။
ဦးစွာ ညောင်ဦးခရိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အေးမင်းစိုးက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ အကျဉ်းသားအကျဉ်းသူများကို ဆုံးမဩဝါဒစကားပြောကြားပြီး၊ ညောင်ဦးအကျဉ်းထောင် တာဝန်ခံအရာရှိ ဦးဝင်းဇော်မင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖတ်ကြားကာ တာဝန်ရှိသူများက လွတ်မြောက်ခွင့်ရရှိသူများအား ခရီးစရိတ်နှင့်ခံစားခွင့်တို့ကိုထုတ်ပေးခဲ့ကြောင်း သိရသည်။
ညောင်ဦးအကျဉ်းထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသူ ၄၉ ဦးရှိပြီး၊ အမျိုးသား ၄၁ ဦးနှင့်အမျိုးသမီး ၈ ဦးတို့ဖြစ်ကြောင်း သိရသည်။
ဒီပါလင်း