အမြို့မြို့အနယ်နယ်သတင်းများ

Jan 13,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ​ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်သည့် မသန်စွမ်းသူများ ၏ အခွင့်အရေးဆိုင်ရာ သိကောင်းစရာများ TalkShowဆွေးနွေးပွဲကို ယ​နေ့မွန်းလွှဲ(၁)နာရီအချိန်က လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်သည်။
Jan 13,2022
ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၁ နာရီက စာရေးဆရာ ရဲကျော်မြင့်ရေးသားသည့်``ဂျော့ခ်ျဝီယာ(သို့)ကမ္ဘာကျော် ဘောလုံးသမားဘဝမှသမ္မတဖြစ်လာသူ´´စာအုပ် ဖြင့်စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
Jan 13,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ် အကောက်ခွန်ဦးစီးဌာန၊ မြို့နယ်ရုံးနှင့် မူဆယ်(OSS)တို့မှ ဖမ်းဆီးရရှိထားပြီး ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်ထားသည့် အထွေထွေ လူသုံးကုန်ပစ္စည်းများကို ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချပွဲကို မြို့နယ် အ​ကောက်ခွန် ဦးစီးဌာနမှူးရုံး၌ ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 13,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ရှမ်းဘာသာ၊ မြန်မာဘာသာများ ဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား မြို့နယ်အတွင်း၌ ယနေ့တွင် အသံချဲ့စက်ဖြင့် လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်
Jan 13,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်  လူထုအခြေပြုဗဟိုဌာန Community Centre  ခန်းမတွင်  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့ နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Jan 13,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန အနေနှင့်‌ ကျောင်းသား/ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အကျင့်များ ရရှိစေရန်၊ အသိပညာ ဗဟုသုတများ တိုးပွားစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အမှား၊အမှန် ဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်၍ယနေ့နံနက် ၁၀ နာရီခွဲက နယ်လှည့် စာကြည့်တိုက်လုပ်ငန်းနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 13,2022
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အတူအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းအဆင့်၊ ခရိုင်အဆင့် ဌာနဆိုင်ရာများသည် ယနေ့ နံနက်ပိုင်းက သာယာဝတီခရိုင်၊ မင်းလှ မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ်၊ နွေစပါးစံပြကွက်၌ မြေဩဇာစုပေါင်းကြဲပတ်ခြင်းကို ကြည့်ရှု အားပေးခဲ့သည်။