မာန်အောင် ဇန်နဝါရီ ၁၃
ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၁ နာရီက စာရေးဆရာ ရဲကျော်မြင့်ရေးသားသည့်``ဂျော့ခ်ျဝီယာ(သို့)ကမ္ဘာကျော် ဘောလုံးသမားဘဝမှသမ္မတဖြစ်လာသူ´´စာအုပ် ဖြင့်စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူးဒေါ်ကြည်ကြည်ဝင်းက ကျောင်းသား/ကျောင်းသူများအနေဖြင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ အားလပ်ချိန်ကိုတန်ဖိုးရှိစွာ အသုံးချတတ်စေရန်၊ စာပေဖတ်ရှု ခြင်း၏ အကျိုးကျေးဇူးနှင့် စာပေဖတ်ရှုသည့် အလေ့အထကောင်းရရှိစေရန် စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာရေးဆရာ ရဲကျော်မြင့်ရေးသားသည့်` `ဂျော့ခ်ျဝီယာ(သို့) ကမ္ဘာကျော်ဘောလုံးသမားဘဝမှသမ္မတဖြစ်လာသူ´´စာအုပ်အားမိတ်ဆက်ဖတ်ကြားဆွေးနွေးပြီး စာပေ ဝါသနာရှင်ကျောင်းသား မောင်မာန်သုကျော်မှ``ဂျော့ခ်ျဝီယာ၏ ကလေးဘဝနှင့်ပညာရေး´´ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကျောင်းသူ မစင်ကြယ်နှင်းက` `ဘောလုံးသမားတစ်ဦး၏ မထင်မှတ်သော ပုံရိပ်ဖြစ်စဉ် ခါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောင်းသား မောင်သူထက်ဦး က ``အိပ်မက်တွေတကယ်ဖြစ်လာသော ဂျော့ခ်ျဝီယာ´´ ခေါင်းစဉ်ဖြင့် ဖတ်ရှုလေ့လာ နားလည်မှုများအား အသိဗဟုသုတမျှဝေ၍ အပြန်အလှန် ရှင်းလင်းဆွေးနွေး အမြင်ချင်းဖလှယ်ခဲ့ကြကြောင်းသိရသည်။
သိန်းဖေ(ပြန်/ဆက်)