သဲကုန်း ဇန်နဝါရီ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ် အားကစားဖွံ့ ဖြိုးတိုးတက်ရေး အစီအစဉ် (TSDP) အရ ကျင်းပပြုလုပ်သည့် အခြေခံပညာ ကျောင်းပေါင်းစုံ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်းနှင့်စားပွဲတင် တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီ အချိန်က မြို့နယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးယဉ်ထွေးမှ အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများနှင့်ဧည့်ပရိတ်သတ်များမှ မတ်တပ်ရပ်ပေးပြီး စစ်ကြောင်းမှူးမှ အားကစားသစ္စာ အဓိဌာန်ရွတ်ဆိုကာ အခမ်းအနားကို အောင်မြင်စွာ ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။
အဆိုပါဖွင့်ပွဲ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးယဉ်ထွေးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပညာရေးဌာနမှ ဆရာ၊ဆရာမများ၊ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
ချစ်နှင်းသုန်