မြင်းခြံ ဇန်နဝါရီ ၁၃
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ရှမ်းဘာသာ၊ မြန်မာဘာသာများ ဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား မြို့နယ်အတွင်း၌ ယနေ့တွင် အသံချဲ့စက်ဖြင့် လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်
မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ကူးစက် ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ မဖြစ်မနေ အပြင်ထွက်ပါက နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ပြီးမှ သွားလာကြရန်၊ လက်ကို မကြာခဏ စနစ်တကျ ဆေးကြောကြရန်၊ လူစုလူဝေးရှိရာ နေရာများသို့ မသွားကြရန်၊ ရောဂါပိုးကူးစက်ခံရ သည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ စစ်ဆေးကုသမှု ခံယူရန်၊ ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်သော ရောဂါ ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို တိကျစွာ လိုက်နာဆောင်ရွက်ကြရန် အသံချဲ့စက်ဖြင့် နှိုးဆော်ခဲ့ကြောင်းသိရသည်။
ကျော်စွာ(မြင်းခြံ)