မင်းလှ ဇန်နဝါရီ ၁၃
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အတူအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းအဆင့်၊ ခရိုင်အဆင့် ဌာနဆိုင်ရာများသည် ယနေ့ နံနက်ပိုင်းက သာယာဝတီခရိုင်၊ မင်းလှ မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ်၊ နွေစပါးစံပြကွက်၌ မြေဩဇာစုပေါင်းကြဲပတ်ခြင်းကို ကြည့်ရှု အားပေးခဲ့သည်။
ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မင်းလှမြို့နယ် ကံတင်ဘီးလင်းဆည်ရေသောက်စနစ်ဖြင့် အုတ် တွင်းအုပ်စု၊ အုတ်တွင်းကျေးရွာအနီး ကွင်းအမှတ်(၉၃၂)၊ တောင်သူဦးစံသိန်းထွန်း၏ လယ်မြေ (၁၀) ဧက၌ စိုက်ပျိုးရေးဦးစီးဌာနက မျိုးစေ့ချကရိယာဖြင့် နွေစပါး စိုက်ပျိုးခြင်းစံပြကွက်အား မြေဩဇာစုပေါင်းကြဲပတ်ခြင်းကို ကြည့်ရှုအားပေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။
ပေါက်စ မင်းလှ