ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်

ဘားအံ ဇန်နဝါရီ  ၁၃

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်  လူထုအခြေပြုဗဟိုဌာန Community Centre  ခန်းမတွင်  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့ နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဘားအံခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးကဆွေးနွေးပွဲ Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ဘားအံခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ဝါဝါနုက  ဇီဝမျိုးစုံ၊ မျိုးကွဲများ ထိန်းသိမ်းရေးအတွက် အားလုံးပူးပေါင်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဇီဝမျိုးစုံ၊ မျိုးကွဲ ကွန်ဗင်းရှင်း၏ ရည်ရွယ်ချက် (၃) ချက်၊ ဇီဝမျိုးစုံ ၊ မျိုးကွဲများ၏ အရေးပါပုံ ၊ ဇီဝမျိုးစုံ ၊ မျိုးကွဲများ ပျက်စီးလျော့နည်းလာ ရခြင်းအကြောင်းအရင်းများ၊ ဇီဝမျိုးစုံ၊ မျိုးကွဲဆုံးရှုံးမှုများကြောင့်  ဖြစ်လာနိုင်သည့် နောက်ဆက်တွဲ ပြဿနာများ၊ ဇီဝမျိုးစုံ၊ မျိုးကွဲများ မပျက်စီးအောင် ထိန်းသိမ်းကာကွယ်သင့်သည့် နည်းလမ်းများ၊ ကမ္ဘာတစ်ဝန်း အကောင်အထည်ဖော်ဆောင်ရွက်နေသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင် (၁၅)တွင် ကမ္ဘာလုံးဆိုင်ရာ ဂေဟစနစ်များ ကာကွယ်ထိန်းသိမ်းကာ ရေရှည်တည်တံ့အောင်အသုံးပြုရေး၊ သစ်တောများ ရေရှည် တည်တံ့စေရန် စီမံခန့်ခွဲရေး၊ သဲကန္တရဖြစ်ပေါ်မှု ပပျောက်စေရေး၊ မြေရာပြုန်းတီးမှု ရပ်တန့်စေရေးနှင့် ဇီဝမျိုးစုံ ၊ မျိုးကွဲများ ပြုန်းတီးမှု  ရပ်တန့်ရေးစသည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)