မူဆယ်မြို့တွင် အထွေထွေလူသုံးကုန်ပစ္စည်းမျိုးစုံ လေလံတင်ရောင်းချ

မူဆယ် ဇန်နဝါရီ ၁၃ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ် အကောက်ခွန်ဦးစီးဌာန၊ မြို့နယ်ရုံးနှင့် မူဆယ်(OSS)တို့မှ ဖမ်းဆီးရရှိထားပြီး ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်ထားသည့် အထွေထွေ လူသုံးကုန်ပစ္စည်းများကို ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချပွဲကို မြို့နယ် အ​ကောက်ခွန် ဦးစီးဌာနမှူးရုံး၌  ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လေလံပွဲအခမ်းအနားတွင် လေလံတင်ရောင်းချရေး အဖွဲ့ဥက္ကဋ္ဌ၊ အကောက်ခွန်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဖေကြိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ချိတ်ပိတ်ကြမ်းခင်းဈေးကို ဖွင့်ဖောက်ကာ လေလံပွဲသို့ လာရောက်သည့် လေလံဆွဲဝယ်ယူဆွဲမည့်သူများကို ပြသပေး၍ လေလံပွဲကို စတင်ခဲ့သည်။         

ယင်းနောက် လေလံပွဲသို့ လာရောက်သည့် လေလံဆွဲဝယ်ယူမည့်သူများက အထွေထွေ လူသုံးကုန် ပစ္စည်းမျိုးစုံ(၅၃)မျိုးကို ဈေးပြိုင်စနစ်ဖြင့် ကြမ်းခင်းဈေးများကို အပြိုင်အဆိုင် လေလံခေါ် ယူကြကာ လေလံဆွဲဝယ်ယူမှုကို သိန်း(၄၇၀)ဖြင့် အဆုံးသတ်ခဲ့သည်။

“ကျွန်တော်တို့ ဒီကနေ့ လေလံပွဲမှာ အထွေထွေ လူသုံးကုန်ပစ္စည်းများကို ကြမ်းခင်းဈေး သိန်း ၄၃၃၁၆၈၀ဝိ/- နဲ့ လေလံဆွဲ ဝယ်ယူများကို ဈေးပြိုင်ခေါ်ယူ ခဲ့ပါတယ်။ လေလံဆွဲဝယ်ယူသူ တစ်ဦးက သိန်း ၄၇၀ နဲ့ ရရှိသွားတာကြောင့် ၁၀၈.၅% အောင်မြင်ပါတယ်”လို့ အကောက်ခွန် ဦးစီးဌာန မူဆယ်ဦးစီးမှူး ဦးဇော်လင်းနိုင် က ပြောကြားခဲ့သည်ကို သိရှိရသည်။

ချယ်ရီမြေ(မူဆယ်)