အမြို့မြို့အနယ်နယ်သတင်းများ

Jan 13,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်လူမှုဝန်ထမ်းရုံးမှ ဦးဆောင်၍ ကျား၊ မ ရေးရာ (Gender) နှင့် ကျား၊ မ အခြေပြုအကြမ်းဖက်မှု (GBV) ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီက လယ်ဝေးမြို့နယ်၊ အ.ထ.က(၂) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
Jan 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ယနေ့နံနက် ၁၀ နာ ရီ ၃၀ မိနစ် အချိန်က လူမှုဝန်ထမ်းဦးစီးဌာနမှ ကျား/မ ရေးရာအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ငပုတောမြို့ အခြေခံပညာအထက်တန်းကျောင်း နဝရတ်အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 13,2022
နေပြည်တော် လူမှုဝန်ထမ်းရုံးမှ ဦးဆောင်၍ ကျား၊ မ ရေးရာ (Gender) နှင့် ကျား၊ မ အခြေပြု အကြမ်းဖက်မှု (GBV) ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ အမှတ် (၁၄) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
Jan 13,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မူလတန်းဆင့် ကျောင်းသား၊ ကျောင်းသူကလေးများအား စာဖတ်စွမ်းရည်မြှင့်တင်ရေး၊ ကလေးပုံပြင်ပြော လေ့ကျင့်ပေးခြင်းကို ယမန်နေ့ ညနေ ၂ နာရီက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ကလေးစာဖတ်ခန်း၌ ပြုလုပ်ခဲ့သည်။
Jan 13,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့လှိုက်ကျေးရွာအုပ်စု၊ ဝါးဆူးရွာတွင် မိသားစုတစ်နိုင် တစ်ပိုင် လယ်ယာမြေများ၌ သခွား၊ ပြောင်းနှင့်ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထားလျက်ရှိရာ စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်း၍ မိသားစုအပိုဝင်ရရှိကြောင်း သိရသည်။
Jan 13,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန၊ ပင်းတယမြို့နယ်၊ မြို့နယ်ဦးစီးမှူးရုံးမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့”  ဆောင်ပုဒ်နှင့် အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အကောင်အထည်ဖော် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက ပင်းတယမြို့နယ်၊ ပွေးလှအခြေခံပညာ အထက်တန်းကျောင်းနှင့် ပင်ပျော်ကျေးရွာအုပ်စုသို့ အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jan 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင်ကျောင်း သား၊ကျောင်းသူများ၊ လူငယ်လူရွယ်များ အသိပညာတိုးပွားလာစေရန်၊ ထူးချွန်ထက်မြတ်သည့် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကာယဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့ ၃ နာရီက မူလတန်းအဆင့် ဘောလုံးလက်ဆင့်ကမ်းပြိုင်ပွဲနှင့် သားရေကွင်းလက်ဆင့်ကမ်းပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။