ဘားအံမြို့နယ်၊ ကော့လှိုက်ကျေးရွာအုပ်စု၊ ဝါးဆူးရွာတွင် သခွား၊ပြောင်းနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ဘားအံ  ဇန်နဝါရီ  ၁၃

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့လှိုက်ကျေးရွာအုပ်စု၊ ဝါးဆူးရွာတွင် မိသားစုတစ်နိုင်တစ်ပိုင် လယ်ယာမြေများ၌ သခွား၊ ပြောင်းနှင့်ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထားလျက်ရှိရာ စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်း၍ မိသားစုအပိုဝင်ရရှိကြောင်း သိရသည်။

သခွားတွင်အစိမ်းစားနှင့် အမှည့်စားနှစ်မျိုးရှိပြီး ဆောင်းသခွား၊ မိုးသခွားနှင့် စပ်မျိုးများဟူ၍လည်း သခွားအုပ်စု(၃)စုခွဲထားသည်။ မိုးသခွားသည်အပူဒဏ်ခံနိုင်သည်၊ ကိုင်းထွက်ရန်လွယ်ကူသည်၊ အသီးများသည်ကိုင်းများတွင်သီးသည်၊ အသီးသေးသည်အရွက်ချောသည်၊ အမြစ်ဖွဲ့စည်း ပုံသေးသောကြောင့် ပြောင်းရွှေ့စိုက်ပျိုးရန်ခက်သည်။ ဆောင်းသခွားသည် အအေးဒဏ်ခံနိုင် သည်၊  အသီးများသည်တိုတုတ်သည်၊ အရွက်ကြမ်းသည်၊ ပြောင်းရွှေ့စိုက်ပျိုးရန် လွယ်ကူသည်။ စပ်မျိုးများသည် အမမျိုးလိုင်းကြား အဖိုမျိုးလိုင်း (၂)တန်း(၃)တန်းခြားပြီး စိုက်ပျိုးနိုင်၍ စပ်မျိုး များထုတ်လုပ်နိုင်ခြင်းဖြစ်သည်။ သခွားအထွက်နှုန်းသည် ရေမြေရာသီဥတု၊ အပင်ပြုစုမှုပေါ် မူတည်၍ တစ်ဧကလျှင် ကီလိုဂရမ် (၄၀၀၀၀)မှ(၅၀၀၀၀)အထိ ထွက်နိုင်ကြောင်းသိရသည်။ သခွားဈေးသည်ယခင်နှစ်က (၁)ပိဿာ ၆၅၀ကျပ်ရရှိပြီး ယနေ့တွင် ယခင်နှစ်ထက်ပို၍ ဈေးကောင်းရရန် မျှော်လင့်နေကြကြောင်း သိရသည်။ပြောင်းများကိုမူ သခွားစိုက်ခင်းဘေး ပတ်ပတ် လည်တွင် ပိုးမွှားများကြရောက်မှုမရှိစေရန်နှင့် ပိုးမကူးစေရန် စနစ်တကျ စိုက်ပျိုးထားကြောင်း စိုက်ပျိုးသူ ဒေါ်နှင်းနွယ်စိုးထံမှ သိရသည်။

ခရိုင်(ပြန်/ဆက်)