အမြို့မြို့အနယ်နယ်သတင်းများ

Jan 13,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မူလတန်းဆင့် ကျောင်းသား၊ ကျောင်းသူကလေးများအား စာဖတ်စွမ်းရည်မြှင့်တင်ရေး၊ ကလေးပုံပြင်ပြော လေ့ကျင့်ပေးခြင်းကို ယမန်နေ့ ညနေ ၂ နာရီက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ကလေးစာဖတ်ခန်း၌ ပြုလုပ်ခဲ့သည်။
Jan 13,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့လှိုက်ကျေးရွာအုပ်စု၊ ဝါးဆူးရွာတွင် မိသားစုတစ်နိုင် တစ်ပိုင် လယ်ယာမြေများ၌ သခွား၊ ပြောင်းနှင့်ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထားလျက်ရှိရာ စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်း၍ မိသားစုအပိုဝင်ရရှိကြောင်း သိရသည်။
Jan 13,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန၊ ပင်းတယမြို့နယ်၊ မြို့နယ်ဦးစီးမှူးရုံးမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့”  ဆောင်ပုဒ်နှင့် အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အကောင်အထည်ဖော် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက ပင်းတယမြို့နယ်၊ ပွေးလှအခြေခံပညာ အထက်တန်းကျောင်းနှင့် ပင်ပျော်ကျေးရွာအုပ်စုသို့ အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jan 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင်ကျောင်း သား၊ကျောင်းသူများ၊ လူငယ်လူရွယ်များ အသိပညာတိုးပွားလာစေရန်၊ ထူးချွန်ထက်မြတ်သည့် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကာယဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့ ၃ နာရီက မူလတန်းအဆင့် ဘောလုံးလက်ဆင့်ကမ်းပြိုင်ပွဲနှင့် သားရေကွင်းလက်ဆင့်ကမ်းပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Jan 13,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကူးစက် ပြန့်ပွားမှု အမြန်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် သံဃာတော်များ၊ အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူများ၊ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိနေသေးသည့် ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ဈေးရောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဇန်နဝါရီလ(၁၄)ရက်နေ့တွင် အဌမအသုတ် (ပထမ) အကြိမ်အဖြစ် စတင်ထိုးနှံပေးမည် ဖြစ်ကြောင်း သိရသည်။
Jan 13,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊​ မိုးနိုင်းကျေးရွာအုပ်စု မိုးနိုင်းကျေးရွာအတွင်းရှိ သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (အောက်တိုဘာ ၊နိုဝင်ဘာနှင့် ဒီဇင်ဘာလ)အတွက် လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသော အသက်(၈၅)နှစ် အထက်သက်ကြီး ဘိုးဘွားများအား လူမှုရေး ပင်စင်ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းက ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
Jan 13,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီးအိုင်မှ မြန်မာနိုင်ငံငါးစားသုံးသူ များအတွက် နှစ်စဉ်ငါးကောင်ရေ သုံးသိန်းကျော်ခန့် စိုက်ထည့်ပေးလျက်ရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာန အင်းတော်ကြီးဒေသရုံးခွဲမှ သိရသည်။