ငပုတော ဇန်နဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ယနေ့နံနက် ၁၀ နာ ရီ ၃၀ မိနစ် အချိန်က လူမှုဝန်ထမ်းဦးစီးဌာနမှ ကျား/မ ရေးရာအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ငပုတောမြို့ အခြေခံပညာအထက်တန်းကျောင်း နဝရတ်အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက အဖွင့်အမှာစကား ပြောကြားပြီးနောက် ရာဝတီတိုင်းဒေသကြီး လူမှုဝန် ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်နော်သဝါးမှ ကျား/မ ရေးရာအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အချက်အလက်များအား ပရိုဂျက်တာ ဖြင့်ဖွင့်လှစ် ပြသ၍ အသိပညာပေး ရှင်းလင်းပြောကြားပြီး တိုင်းဥပဒေချုပ်ရုံး တိုင်းလက်ထောက်ဥပဒေအရာရှိ ဒေါ်တင်ဇာထွန်းက ကျား/မ ရေးရာအခြေပြု အကြမ်းဖက်မှုဆိုင်ရာ ဥပဒေကိစ္စရပ်များကို တတ်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများအား ရှင်းလင်းပြောကြား ခဲ့ရာကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များအား ပြန်လည်မေးမြန်းခဲ့ကြောင်းသိရှိရသည်။
အဆိုပါ ကျား/မ ရေးရာအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းနိုင်နှင့် ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၀၀) ဦးတက်ရောက် ခဲ့ကြောင်းမြို့နယ်ပညာရေးမှုးရုံးမှ သိရသည်။
နုနုအေး(ပြန်/ဆက်)