ဇမ္ဗူသီရိ ဇန်နဝါရီ ၁၃
နေပြည်တော် လူမှုဝန်ထမ်းရုံးမှ ဦးဆောင်၍ ကျား၊ မ ရေးရာ (Gender) နှင့် ကျား၊ မ အခြေပြု အကြမ်းဖက်မှု (GBV) ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ အမှတ် (၁၄) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် နေပြည်တော်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျား၊ မရေးရာ (Gender) နှင့် ကျား၊ မအခြေပြု အကြမ်းဖက်မှု (GBV) ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းကို မန္တလာရောင်စဉ်အသင်းမှ ဒေါ်သက်သက်နွယ်မှ ဟောပြောပို့ချခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ နေပြည်တော်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်နှင့် ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ များ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)