ငပုတော ဇန်နဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင်ကျောင်း သား၊ကျောင်းသူများ၊ လူငယ်လူရွယ်များ အသိပညာတိုးပွားလာစေရန်၊ ထူးချွန်ထက်မြတ်သည့် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကာယဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့ ၃ နာရီက မူလတန်းအဆင့် ဘောလုံးလက်ဆင့်ကမ်းပြိုင်ပွဲနှင့် သားရေကွင်းလက်ဆင့်ကမ်းပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှုး ဒေါ်နုနုအေးက ပြိုင်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့ပြီး အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ရာ အမှတ်( ၅) အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများ ပါဝင်ယှဉ် ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွင်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြ ကြောင်းသိရသည်။
နုနုအေး(ပြန်/ဆက်)