အမြို့မြို့အနယ်နယ်သတင်းများ

Jan 27,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ဆီနှင့်ဝတ်စုံများ ထောက်ပံ့ခြင်း ကို ဇန်နဝါရီ ၂၆ ရက်နေ့ ညနေ ၄ နာရီအချိန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
Jan 27,2022
ရခိုင် ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commiunity Centre)ခန်းမ၌ လူမှုဝန်ထမ်း ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး ကလေးသူငယ် အခွင့်အရေးဆိုင်ရာများနှင့် ပတ်သက်၍ ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အသိပညာပေး (Talk Show)ကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။
Jan 27,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ရှမ်း၊ မြန်မာ နှစ်ဘာသာဖြင့် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုးများကို သတိပြုကာကွယ်ရန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး ယနေ့ နံနက် ၈ နာရီခွဲက ရပ်ကွက်နှင့် ကျေးရွာများသို့ လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
Jan 27,2022
သထုံခရိုင်၊ ဘီးလင်းမြို့နယ်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနနှင့်ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ တွင် စာသုံးသူဆိုင်ရာ” အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နေ့လယ် ၁ နာရီက Online မှတစ်ဆင့် တင်ဆက်ဆောင်ရွက်ခဲ့သည်။
Jan 27,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ၇၅ နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့(အကြို) အထိမ်းအမှတ် ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပခဲ့ကြောင်း သိရသည်။