မောင်တော ဇန်နဝါရီ ၂၆
ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ဆီနှင့်ဝတ်စုံများ ထောက်ပံ့ခြင်း ကို ဇန်နဝါရီ ၂၆ ရက်နေ့ ညနေ ၄ နာရီအချိန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးက အမှာစကားပြောကြားပြီး မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ ဝန်ထမ်းများအား စားသုံးဆီနှင့် ထောက်ပံ့ငွေများကိုပေးအပ်ရာတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးရှိ ဝန်ထမ်း(၅၅)ဦးအား တစ်ဦးလျှင် စားသုံးဆီ (၁)လီတာ နှင့် ထောက်ပံ့ငွေများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် တာဝန်ရှိသူများကထောက်ပံ့ပေးအပ်ခဲ့ကြပြီး အမျိုးသမီးဝန်ထမ်းများအတွက် အမျိုးသမီးရေးရာဝတ်စုံ တစ်စုံစီအား ထပ်မံ၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
သက်လွင်စိုး(ခရိုင် ပြန်/ဆက်)