ဘီးလင်းမြို့နယ်ရုံး Community Centre၌ “စားသုံးသူဆိုင်ရာ”အသိပညာပေးဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်

ဘီးလင်း ဇန်နဝါရီ  ၂၆

သထုံခရိုင်၊ ဘီးလင်းမြို့နယ်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနနှင့်ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ တွင် စာသုံးသူဆိုင်ရာ” အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နေ့လယ် ၁ နာရီက Online မှတစ်ဆင့် တင်ဆက်ဆောင်ရွက်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး  ဒေါ်အေးမျိုးမျိုးစံက အသိပညာပေးဆွေးနွေးပွဲ (Talk  Show) ကျင်းပရခြင်း  ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးလွင်က စားသုံးသူရေးရာ ဦးစီးဌာန၏ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့်​ စားသုံးသူများ၏ ရပိုင်ခွင့်များ ကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ဇင်ဖြူဝင်းက ထုတ်ကုန်ပစ္စည်းများတွင် ဖော်ပြရမည့် အချက်များ၊ ထုတ်ကုန်အညွှန်းနှင့် လုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များကိုလည်းကောင်း အသေးစိတ်ဆွေးနွေး ပေးခဲ့ကြောင်းသိရသည်။

ထူးနောင် ဘီးလင်း