Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပြည်ထောင်စုအလံတော် သယ်ယူပို့ဆောင်မည့် ယာဉ်လမ်းကြောင်းတစ်လျှောက်အား ကြည့်ရှူစစ်ဆေး
Jan 27,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်အတွင်းရှိ ပြည်ထောင်စုအလံတော် သယ်ယူပို့ဆောင်မည့် ယာဉ်လမ်းကြောင်းကို ယမန်နေ့ နံနက်(၁၁း၀၀)နာရီ အချိန်က မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက လိုက်လံစစ်ဆေးခဲ့ရာ ယာဉ်လမ်းကြောင်းဖြတ်သန်းရာ ကမ္ဘာအေးဘုရားလမ်း(ဗိုလ်မင်းခေါင်လမ်းထိပ်မှဦးထောင်ဘိုအဝိုင်းလည်းကောင်း)၊ ဦးထောင်ဘိုအဝိုင်းမှဦးဝိစာရအဝိုင်းထိလည်းကောင်း၊ အလုံလမ်း(ဦးဝိစာရအဝိုင်းမှပြည်လမ်းအထိ)၊
အပြည့်အစုံ ဖတ်ရန်
မင်းဘူးဈေးကွက်သို့ ငရုတ်သီးခြောက်များ အဖွင့်ဈေးကောင်းဖြင့်ဝင်ရောက်
Jan 27,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးဈေးကွက်သို့ ငရုတ်သီးခြောက်များ အဖွင့်ဈေးကောင်းဖြင့် ဝင်ရောက် လာခဲ့ကြောင်း မင်းဘူး(စကု)မြို့နယ် ရွာသာပွဲရုံပိုင်ရှင် ဒေါ်စိန်မြထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်မရောမြို့နယ်၌ အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေး
Jan 27,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းများကို နေ့စဉ် အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယနေ့ နေ့လယ်ပိုင်းက ရပ်ကွက်၄ ခုနှင့် လူအများသွားလာ ဝင်ထွက်နေသည့် လမ်းဆုံလမ်းဝများတွင် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ Talk Show ကျင်းပ
Jan 27,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လသာမြို့နယ်ရုံးတွင် ယနေ့ နံနက်(၁၀)နာရီအချိန်က မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ Talk Show ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေါပုံမြို့နယ်တွင် အများပြည်သူ သိရှိနိုင်စေရေး သတင်းထုတ်ပြန်ချက်အား အသိပညာပေးနှိုးဆော်
Jan 27,2022
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒေါပုံမြို့နယ်တွင် အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH ၊ NUG နှင့် ယင်းတို့ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook Page များမှ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှု ဖြစ်ပေါ်စေရန် ရည်ရွယ်၍ လှုံ့ဆော်မှုများအပေါ် ပြည်သူများအနေဖြင့် လိုက်ပါလုပ်ဆောင်မိပါက ဥပဒေအရ အရေးယူခံရနိုင်သဖြင့် အများပြည်သူ သိရှိနိုင်စေရေး အသံချဲ့စက်ဖြင့် မြို့နယ်အတွင်း လှည့်လည်အသိပေး နှိုးဆော်ခြင်းလုပ်ငန်းကို တာဝန်ရှိသူများက ယမန်နေ့ ညပိုင်းအချိန်က စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက် များအား မွန်/မြန်မာနှစ်ဘာသာဖြင့် အသိပေးလိုက်လံနှိုးဆော်
Jan 27,2022
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုးကြို တင်ကာကွယ်ရေးအတွက် ယနေ့ နံနက်ပိုင်းက မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်း၍ ရပ်ကွက်/ကျေးရွာများ အရောက် မွန်/မြန်မာနှစ်ဘာသာဖြင့် အသိပညာပေးလိုက်လံနှိုးဆော်သည်။
အပြည့်အစုံ ဖတ်ရန်
စမ်းချောင်းမြို့နယ်တွင် အသက်(၁၈)နှစ်နှင့် အထက် ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
Jan 27,2022
ရန်ကုန်အနောက်ပိုင်းခရိုင်း၊ စမ်းချောင်းမြို့နယ်၊ မုန့်လုပ်ဆောင်းကုန်း/တောင်ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အထက(၁) ကျောင်းဝင်းအတွင်းတွင် ယမန်နေ့ နံနက် (၉) နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ၁၄ ရက်မြောက်နေ့ ဒုတိယအကြိမ် (phase 6) ကာကွယ်ဆေးထိုးနှံသူ စုစုပေါင်း(၂၁၁)ဦးအား ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားပြီး ပြန်လည်ကျန်းမာလာသူ ပြည်သူတစ်ဦး၏ ရင်တွင်း စကားသံ
Jan 27,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ရောဂါဖြစ်ပွားပြီး ပြန်လည် ကျန်းမာလာသူပြည်သူတစ်ဦး၏ ရင်တွင်းစကားသံအချို့ကို ယခုလိုပဲ သိရပါသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
19042
Page
19043
Page
19044
Page
19045
Current page
19046
Page
19047
Page
19048
Page
19049
Page
19050
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department