ဘူးသီးတောင်မြို့ လူထုအခြေပြုဗဟိုဌာန (Commiunity Centre) ခန်းမ၌ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အသိပညာပေး (Talk Show) ဆောင်ရွက်

ဘူးသီးတောင်   ဇန်နဝါရီ     ၂၇

ရခိုင် ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commiunity Centre)ခန်းမ၌ လူမှုဝန်ထမ်း ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး ကလေးသူငယ် အခွင့်အရေးဆိုင်ရာများနှင့် ပတ်သက်၍ ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အသိပညာပေး (Talk Show)ကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အသိပညာပေး (Talk Show)တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးအောင်နှင့် ဒုတိယဦးစီးမှူး ဦးမြင့်ခိုင်တို့မှ ပြည်သူများဗဟုသုတရရှိစေရန် ရည်ရွယ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ Online page များလွှင့်တင်၍ အသိပညာပေး ကဏ္ဍများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးနေမှုအား ဆွေးနွေးပြီး လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကောင်းမြတ်ထက်မှ ကလေးသူငယ် အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ကလေးသူ ငယ်ဥပဒေပြဌာန်းချက်၊ ကလေးအလုပ်သမား အခွင့်အရေးဥပဒေ၊ ကလေးအလုပ်သမားဘဝမှ လွတ်မြောက်နိုင် ရေးအတွက် ကလေးအုပ်ထိန်းသူ မိဘများအနေဖြင့် ဆောင်ရွက်သင့်သော နည်းလမ်းများစသည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ သိကောင်းစရာ အကြောင်းအရာများကို ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

လှကျော်( ပြန်/ဆက်)