မုဒုံ ဇန်နဝါရီ ၂၇
မွန်ပြည်နယ် မုဒုံမြို့နယ် ကျောက်တလုံးကျေးရွာအုပ်စု မြိုင်ကုန်းကျေးရွာရှိ ဝင်းစိန် တောရကျောင်းတွင် ၂၀၁၅ ခုနှစ် ဧပြီလ ၂၆ ရက်နေ့ ပျံလွန်တော်မူသည့် အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကေသရ ဆရာတော်ဘုရားကြီး၏ သက် တော် (၁၀၁) နှစ်ပြည့် ဝိဇာတဂုဏပူဇာအလှူတော် မင်္ဂလာအခမ်းအနားကို ယမန်နေ့ ပြာသိုလပြည့်ကျော် ၁၀ ရက်နေ့ တွင်ကျင်းပပြုလုပ်သည်။
ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်ထားရှိရာ စံကျောင်းတော်တွင် ရုပ်ကလာပ်တော် အား သင်္ကန်းလဲလှယ်ပေးခြင်း၊ ဝင်းစိန်ဆရာတော်ကြီး (၁၀၁) နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းဝင်းဧရိယာအတွင်းရှိ စေတီ(၂)ဆူ ထီးတင်ပွဲကျင်းပခြင်း၊ ဝင်းစိန်တောရ ကျောင်းဝင်းဓမ္မာရုံတွင် ဆရာတော်ဘုရားကြီးများအား ဆွမ်း၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ဝိဇာတမင်္ဂလာအခမ်းအနားသို့ လာရောက်သည့် ပြည်သူများအား စတုဒီတာ ကျွေးမွေးခြင်းတို့ဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)