ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားပြီး ပြန်လည်ကျန်းမာလာသူ ပြည်သူတစ်ဦး၏ ရင်တွင်း စကားသံ

ဒေါပုံ    ဇန်နဝါရီ ၂၇

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ   ကာကွယ်ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ရောဂါဖြစ်ပွားပြီး ပြန်လည် ကျန်းမာလာသူပြည်သူတစ်ဦး၏ ရင်တွင်းစကားသံအချို့ကို ယခုလိုပဲ သိရပါသည်။

မေး၊ အမည်နှင့်နေရပ်လိပ်စာ၊အလုပ်အကိုင် ပြောပြပေးအုံးရှင်။

ဖြေ၊ ကျွန်မကတော့ ဒေါ်ခင်မွန်ဖြစ်ပါတယ်။ အသက်က(၄၂)နှစ်ရှိပြီး၊ဒေါပုံမြို့နယ် မြို့သစ်ရပ်ကွက်တွင် နေထိုင်ပါတယ်။ အင်္ကျီချုပ် ဆိုင်ဖွင့်ထားပါတယ်၊

မေး၊ အစ်မ ကိုဗစ်-၁၉ရောဂါ ဘယ်လိုစတင် ဖြစ်ခဲ့သလဲဆိုတာ ပြောပြပေးပါအုံး အစ်မရှင့်၊

ဖြေ၊ ကျွန်မက ရပ်ကွက်ထဲမှာ အထည်ချုပ်တာဆိုတော့ အများနဲ့အမြဲပြောဆိုဆက်ဆံနေရတယ်၊ ဘယ်လိုကူးလာမှန်း မသိလိုက်ဘူး၊ သြဂုတ်လထဲမှာ  အစ်မ အနံ့ပျောက်လို့ ကျန်းမာရေးဌာနမှာ သွားစစ်လိုက်တော့ ကိုဗစ်-၁၉ လက္ခဏာတွေ့တယ်၊အဲ့လို စဖြစ်ပြီးဆိုတာ သိလိုက်ရကတည်းက မိသားစုနဲ့ သီးသန့်ခွဲနေတယ်၊ အစားအသောက်၊ အသုံး အဆောင်အားလုံး သီးသန့်သုံးတယ်၊သီးသန့် ခွဲနေတယ်၊သုံးပြီးသားပစ္စည်းတွေ ပိုးသတ်းဆေဖျန်းတယ်၊ (၃)ရက်နေတော့ အနံ့ပြန်ရလာတယ်၊ လူကတော့ ကျန်းကျန်းမာမာရှိတယ်၊ဘာမှဆိုးဆိုး ဝါးဝါးမဖြစ်ခဲ့ပါဘူး။

မေး၊ အစ်မအနေနဲ့ ကာကွယ်ဆေး မထိုးရသေးတဲ့ ပြည်သူတွေကို ဘယ်လိုအကြံပြုချင်ပါသလဲရှင်၊၊

ဖြေ၊ ဒေါပုံမြို့နယ်မှာ  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများစတင်ထိုးနှံပေးကတည်းက ထိုးမယ်ဆိုပြီး မထိုးဖြစ်ခဲ့တာ အရင်လမှ သွားရောက် ထိုးနှံဖြစ်ခဲ့ပါတယ်။ကျွန်မတို့လို လူအများနဲ့နေ့စဉ် ပြောဆိုဆက်ဆံနေရတော့  ကာကွယ်ဆေးထိုးထားဖို့ပိုလိုအပ်တာပေါ့။ ကာကွယ်ဆေးထိုး ထားခြင်းဟာ ကိုယ်အတွက်လည်းကောင်းသလို ကိုယ့်ရဲ့ဧည့်သည်တွေ အတွက်လည်း စိတ်ချရတယ်။ ကာကွယ်ဆေး ထိုးနှံပြီးတော့ ဖျားလည်းမဖျားကိုက်ခဲမှုလည်းမရှိပါဘူး။ ကျွန်မတို့  ကာကွယ်ဆေး ထိုးနှံဖို့ ဘာလို့ ပိုလိုအပ်လဲဆိုရင် အများနဲ့ဆက်ဆံရတာ ဖြစ်တဲ့အတွက် ကိုယ်ကြောင့်တခြားလူကိုရောဂါကူးစက်မှု မရှိစေရန် ထိုးခြင်းဖြစ်ပါတယ် ။ ဒါကြောင့် ကာကွယ်ဆေးထိုးထားပါက အများအတွက်လည်း အဆင်ပြေသလို၊ ကိုယ်တိုင် လည်းရောဂါကူးစက်နိုင်မှုမှ ကာကွယ်နိုင်တဲ့အတွက် လူတိုင်းကာကွယ်ဆေး ထိုးနှံကြပါလို့တိုက်တွန်းချင်ပါတယ်။ အခုလိုအခမဲ့ ထိုးနှံပေးခြင်းကြောင့် ငွေကုန်ကြေးကျမရှိလို့ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း သွားရောက်ထိုးနှံနိုင်ပါတယ်လို့ ပြောပြ ချင်ပါတယ်။ ကာကွယ်ဆေး ထိုးနှံပေးသော ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအသင်းနှင့် တာဝန်ရှိသူများကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

ကျေးဇူးတင်ပါတယ်ရှင်။

ယဉ်မော်(ပြန်/ဆက်)