အမြို့မြို့အနယ်နယ်သတင်းများ

Jan 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း လျှော့ချနိုင်ရေးနှင့် ရောဂါကြောင့် သေဆုံးမှုနှုန်းများ ဆက်လက်လျော့ကျ လာစေရေးအတွက် အသက် ၁၈ နှစ် အထက် ပြည်သူများအား ပထမအကြိမ်နှင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို သတ်မှတ်စုရပ်နေရာများ တွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jan 13,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်းမှ မသန်စွမ်းသူ များ နေထိုင်မှုအ ဆင်ပြေစေရေးအတွက် လျှပ်စစ်မော်တာဝီးချဲနှင့် ချိုင်းထောက်များကို ကူညီဆောင်ရွက် ပေးလျက်ရှိရာ မသန်စွမ်းသူများအနေဖြင့် လိုအပ်သောအကူညီအညီများ ရရှိနိုင်ရန်အသိပညာပေးခြင်း ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ကြောင်းသိရသည်။
Jan 13,2022
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊တောင်ကုတ်မြို့နယ်ရုံး၌  လူထုအခြေပြု ဗဟိုဌာန (CommunityCentre)ခန်းမ၌ စာမြတ်နိုးသူ ကလေးသူငယ်များ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ပုံပြင်စာအုပ်များနှင့် စာဖတ်ဝိုင်းကျင်းပကာ ပုံပြင်ပြောခြင်းကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ် -၁၉ ရောဂါ  ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက်ခဲ့သည်။
Jan 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း လျှော့ချနိုင်ရေးနှင့် ရောဂါကြောင့် သေဆုံးမှုနှုန်းများ ဆက်လက် လျော့ကျလာစေရေးအတွက် စက်ရုံဝန်ထမ်းများအား ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီက မင်္ဂလာဒုံမြို့နယ်၊ KHM စက်ရုံရှိ ဝန်ထမ်းများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Jan 13,2022
ဧရာဝတီတိုင်း​ဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာ​သော အသက် (၂)နှစ်အောက် ကလေးများအား ငွေကြေးထောက်ပံခြင်း အစီအစဉ် ဆင့်ပွားသင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် (၁၀)နာရီက မြောင်းမြခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 13,2022
လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ ဟူသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားတိုင်း ဥပဒေအရ ကိုင်ဆောင်သင့်သည့် လက်မှတ်တစ်မျိုးမျိုးကိုင်ဆောင်နိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့ အင်အား ဝန်ကြီးဌာန၊ သထုံမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဇန်နဝါရီလ ၁၂ ရက်၊ နံနက်က သထုံမြို့၊ သိမ်ကုန်းရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ပန်းခင်းစီမံချက်ဖြင့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်း ဆောင်ရွက်ပေးခဲ့‌ကြသည်။
Jan 13,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုမိုထိရောက်စွာ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ယနေ့ နံနက်ပိုင်းက ဒိုက်ဦးမြို့ ကန်တော်မင်္ဂလာလမ်းဆုံတွင် ကိုဗစ်-၁၉ ရောဂါ  အသိပညာပေးခြင်း နှင့် နှာခေါင်းစည်း (Mask)များ တပ်၍ အိမ်အပြင်သို့ မထွက်ရန် အသိပညာပေး ဆောင်ရွက်ခဲ့သည်။
Jan 13,2022
မွန်ပြည်နယ်အတွင်း ကျန်းမာရေးပြုစုစောင့်ရှောက်မှု တိုးတက်စေရေး၊ အရည်အချင်းစွမ်း ဆောင်ရည်ပြည့်ဝသည့် အကူသူနာပြုများစွာပေါ်ထွက်လာစေရေး လေ့ကျင့်သင်ကြားပေးနိုင်ရေး အတွက် ယနေ့နံနက်ပိုင်း က မော်လမြိုင်မြို့၊ အထွေထွေရောဂါကု ဆေးရုံကြီးတွင် အကူသူနာပြု သင်တန်းဖွင့်ပွဲကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်၊၊