လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်တွင် အမှတ်(၁၈) ရပ်ကွက်တွင် ကုလသမဂ္ဂစားနပ်ရိက္ခာ အဖွဲ့မှ လိုအပ်လျက်ရှိသော အိမ်ထောင်စုများ ဆန်များထောက်ပံ့ပေး

လှိုင်သာယာ(အနောက်ပိုင်း) ဇန်နဝါရီ ၂၇

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ အမှတ်(၁၈)ရပ်ကွက်တွင် ကုလသမ္မဂ္ဂ စားနပ်ရိက္ခာ အစီအစဉ် (World Food Program)၏ စားနပ်ရိက္ခာ လိုအပ်ချက် ရှိသော အိမ်ထောင်စုများအား ဆန်နှင့် အသက်(၅)နှစ်နှင့် အောက် ကလေးသူငယ်များအား အာဟာရထောက်ပံ့ခြင်းကို  ယမန်နေ့ နံနက် (၉)နာရီအချိန်ကစတင်၍ ဆောင်ရွက်ခဲ့ရာ WFP မှ စီမန်ချက်မန်နေနေဂျာ ဦးစိုးဝဏ္ဏ၊ ဆန်ဖြန့်ဖြူရေး အဖွဲ့ခေါင်းဆောင် ဒေါ်ခင်ဝေသော်တို့ ဦးဆောင်သော အင်အား(၃၀)ဦးတို့မှ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ထိုနောက် ဆန်ဖြန့်ဖြူးရေး အခြေစိုက်နေရာများဖြစ်သော ရွေရင်အေးဈေးလမ်းရှိ ‌ အေးရိပ်သာ ဓမ္မရုံတွင် အခြေပြုကာ စားနပ်ရိက္ခာ လိုအပ်ချက်ရှိသော မိသားစုများအား အိမ်ထောင်တစ်စု လျှင် အသားတင် အလေးချိန်(၅၀)ကီလိုဂရမ်ရှိ (၂.၄၅)ပြည့်ပါ ဆန်တစ်အိတ်၊ စုစုပေါင်း အိမ်ထောင်စု(၂၅၀၈)စု ဆန်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင့်ကို တာဝန်ရှိသူထံမှ သိရသည်။

ဝေဝေ(ပြန်/ဆက်)