Silent Strike (အသံတိတ်သပိတ်)နှင့် ပတ်သက်ပြီး မြို့သစ်မြို့တွင်ဒေသခံပြည်သူများ သိရှိစေရန်အတွက် အသိပေးထုတ်ပြန်ချက်များ နှိုးဆော်ဆောင်ရွက်  

မြို့သစ် ဇန်နဝါရီလ   ၂၈ 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့တွင် ယမန်နေ့ညနေ(၅)နာရီအချိန်က ဒေသခံပြည်သူများသိရှိ စေရေးရပ်ကွက်များအတွင်း အသိပေးသတင်းထုတ်ပြန်ချက်များ နှိုးဆော်ဆောင်ရွက်ကြောင်းသိရသည်။

ထိုသို့ အသိပေးနှိုးဆော်သတင်းထုတ်ပြန်ရာတွင် မြို့သစ်မြို့ရှိဒေသခံပြည်သူများအနေဖြင့် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH/NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ယက် Facebook Account များမှ တစ်ဆင့်နည်းလမ်းမျိုးစုံဖြင့် ပြုလုပ်ဆောင်ရွက်လျက်ရှိခြင်းကြောင့် ပြည်သူများ အနေဖြင့် ယင်းတို့၏လှုံဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်းနှင့် အသံဖြင့်ဖြစ်စေ၊ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများအစရှိသည်တို့ကို ပြုလုပ်မိပါက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မနှင့် တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ကြောင်း အသိပေး ထုတ်ပြန်ခြင်းအား ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ထား ကြောင်းသိရသည်။

အဆိုပါ အသိပေးထုတ်ပြန်ချက်များကို မြို့သစ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့သစ် မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန တို့ ပူးပေါင်းနှိုးဆော်အသိပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မြို့သစ်/ ပြန်ဆက်