မိတ္ထီလာ ဇန်နဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် သတင်းထုတ်ပြန်ရေးအဖွဲ့၏ ကြေငြာချက်အား ပြည်သူများသိရှိလိုက်နာစေရန် အသံချဲစက်ဖြင့် နှိုးဆော်အသိပေးခြင်းများကို ယနေ့ ဇန်နဝါရီ ၂၈ ရက်နေ့နံနက်ပိုင်းအချိန်က ရပ်ကွက်များအတွင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါသတင်းထုတ်ပြန်ရေးအဖွဲ့၏ကြေငြာချက်တွင်ပြည်များအနေဖြင့်အကြမ်းအုပ်စုအဖြစ် ကြေငြာထားသည့်CRPH၊NUGနှင့် ၎င်းတို့နှင့်စပ်ဆက်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ် များ၏ Facebook Account များမှ နိုင်ငံတော်တည်ငြိမ်ရေးကိုပျက်ပြားစေရန်နှင့် ပြည်သူ လူထုကို ကြောက်ရွံ့မှု ဖြစ်ပေါ်စေရန်ရည်ရွယ်ပြီး အသံတိတ်သပိတ်ပြုလုပ်ရန်၊ လက်ခုပ်တီး ခြင်း၊သံပုံတီးခြင်း၊ ကားဟွန်းတီးခြင်းများ စသည်ဖြင့် အသံထွက်သပိတ်ပြုလုပ်ရန် လှုံ့ ဆော်မှုများ လူမှုကွန်ယက်၌ပျံ့နှံ့နေသည်ကို တွေ့ရှိရပါသည်။ ထိုလှုံ့ဆော်မှုများ အပေါ်ပြည် သူများအနေဖြင့် လိုက်ပါလုပ်ဆောင်မိပါကဥပဒေအရအရေး ယူခံရနိုင်သဖြင့်အများပြည်သူ သိရှိနိုင်စေရန် အောက်ပါအတိုင်း သတင်းထုတ်ပြန်ထားပါသည်၊ အကြမ်းဖက်အုပ်စုအဖြစ် ကြေငြာထားသည့်CRPH၊ NUGယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့ နှင့်စပ်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ကိုပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်ပြီးလှုံ့ဆော်ခြင်း၊ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန် ယက်မှတစ်ဆင့်နည်းမျိုးစုံ ဖြင့်ပြုလုပ်လျက်ရှိသည်။ ပြည်သူများအနေဖြင့်ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ်မသိနားမ လည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ် ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ၊ အများပြည်သူ အနှောက်ယှက်ဖြစ်စေမည့် ပြုလုပ်မှုများပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှ ဝေခြင်း၊ အားပေးကူညီခြင်းများပြုလုပ်လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ၁၂၄(က)နှင့် ပုဒ်မ၅၀၅(က)၊ အီလက်ထောနစ်ဆက်သွယ်ရေး ဆောက်ရွက်မှုပုဒ်မ၃၃(က)နှင့်တည်ဆဲဥပဒေများအရအရေးယူခံရနိုင်ပါသည်။ ထို့အပြင်ပြစ်မှုနှင့် သက်ဆိုင်သည့်ရွေ့ပြောင်းနိုင်သောပစ္စည်း၊ မရွေ့ပြောင်းနိုင်သော ပစ္စည်း များကိုအကြမ်းဖက်မှုတိုက် ဖျက်ရေးဥပဒေအရသိမ်းဆည်းခံရနိုင်ပြီး၊ ပြစ်မှုထင်ရှား စီရင်ခြင်းခရပါကနိုင်ငံဘဏ္ဍာ အဖြစ်သိမ်းဆည်းခံရနိုင်သည်တို့ ပါဝင်ကြောင်းသိရသည်။
သို့ဖြစ်ပါ၍ပြည်သူများအနေဖြင့်အကြမ်းဖက်အုပ်စုများ၊ ယင်းတို့၏လက်အောက်ခံအဖွဲ့ အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသူလူပုဂ္ဂိုလ်များ၏ လှုံ့ဆော်ဝါဒဖြန့်မှုများအပေါ် လိုက်ပါပြုလုပ်ခြင်းမပြုကြရန်နှင့် ပြုလုပ်ပါက ဥပဒေအရအရေးယူခံရနိုင်ကြောင်းကို အသိပေး ထုတ်ပြန်ကြေငြာထားကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)