အမြို့မြို့အနယ်နယ်သတင်းများ

Jan 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ယနေ့နံနက် (၁၀)နာရီက မြို့နယ်စည်ပင်သာယာရေးရုံးသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ကွင်းဆင်းငှားရမ်းပေးခဲ့သည်။
Jan 18,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre)ခန်းမ၌ ယနေ့ နံနက် ၁၁ နာရီက မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး  (Talk Show) ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 18,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် ဒေသခံပြည်သူများ၏ ကျန်းမာရေး အလို့ငှာ အောက်ဆီဂျင်လိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဟုမ္မလင်းမြို့နယ်၊ နောင်ပကျစ်ရပ်ကွက်၌ မြို့နယ်အောက်ဆီဂျင် စက်ရုံသစ်ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jan 18,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေကို ဖတ်ရှုခြင်းဖြင့် အလေ့အကျင့်ကောင်းများ တိုးတက်လာစေရန်၊ လူအများနှင့် ဆွေးနွေးပြောဆိုသည့် အလေ့အထများ ရှိလာစေရန်ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူ များက စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 18,2022
သာပေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဒေါ်ဝတ်ရည်စိုးနှင့်အဖွဲ့သည် မြစိမ်းရောင် ကျေးရွာစီမံကိန်း စတင်အကောင်အထည်ဖော် ဆောင်ရွက်သော သာပေါင်းမြို့နယ်၊ ဂွေးတောက်ချောင်း ကျေးရွာရှိကျေးရွာ ခန်းမတွင် ယမန်နေ့၊ နေ့လည်ပိုင်းအချိန်၌ စီမံကိန်း လည်ပတ်ရန်ပုံငွေထုတ်ချေးမှု အခြေအနေအား သွားရောက် ကြီးကြပ် ဆောင်ရွက်ခဲ့ကြ သည်။
Jan 18,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက်၁၀နာရီက မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အသိပညာပေး နံရံကပ်စာစောင် ပြသခြင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်းသိရသည်။
Jan 18,2022
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက် ပြည်သူများနှင့် ဒေသခံပြည်သူများအား ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယနေ့နံနက် (၈) နာရီ အချိန်မှ စတင်ကာမြို့နယ်ပြည်သူ့ဆေးရုံစုရပ်နေရာတွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။