အမြို့မြို့အနယ်နယ်သတင်းများ

Jan 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေဝါသနာရှင်များနှင့် (Women Club) အဖွဲ့များ ပူးပေါင်း၍ စာရေးဆရာ ဦးတင်လှ (မဟာဝိဇ္ဇာ) ရေးသားသည့် “မြန်မာမှု” စာအုပ်ဖြင့် ယနေ့ နံနက် (၁၀) နာရီအချိန်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်၊၊
Jan 18,2022
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်၊ ‌ညောင်ပင်ရပ်ကွက်၌ ယနေ့နံနက် ၁၁ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနက သိရသည်။
Jan 18,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ ပေါက်ခေါင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု လျော့ကျစေရေးအတွက် အသိပညာပေးနှိုးဆော်မှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်အတွင်း ဟန်းစပီကာဖြင့်လှည့်လည်၍ ကိုဗစ်-၁၉ ရောဂါ ဗီဇ‌ပြောင်းအိုမီခရွန်‌ ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိ‌ပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
Jan 18,2022
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ မိဘပြည်သူများအား ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယမန်နေ့ညပိုင်းက ရပ်ကွက်နှင့်ကျေးရွာများသို့ ​မော်တော်ယာဉ်ဖြင့် လှည့်လည်၍ တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။
Jan 18,2022
မွန်ပြည်နယ် ရေးမြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါ အိုမီခရွန်ကြိုတင ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့ နံနက်ပိုင်းပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်းရှိ လူစည်ကားရာနေရာများ၌ အသိပညာပေး လှည့်လည်နှိုးဆော် ပေးလျက်ရှိကြောင်း သိရသည်။
Jan 18,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုများကို ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် ပြည်သူများအား အသိပညာပေးခြင်း ကို ယနေ့နံနက် ၁၀ နာရီက မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ Hand Speaker ဖြင့်မြို့ပေါ်ရပ်ကွက်များနှင့် နားဖျိုင်းကျေးရွာများအတွင်း ဆော်ဩမှု ပြုလုပ်ခဲ့သည်။
Jan 18,2022
ချင်းပြည်နယ်၊ ဟားခါးမြို့၌ အခြေခံပညာအလယ်တန်း/အထက်တန်းကျောင်းသား၊ကျောင်း သူများအား ဒုတိယအကြိမ် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းမှစ၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ဗိုလ်တိုက်ချွန်းခန်းမ၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၄)အခြေခံ ပညာ အထက်တန်းကျောင်းတို့တွင် ဆေးထိုးစုရပ် သုံးနေရာခွဲ၍ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Jan 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင် တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကိုဆက်လက်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်း သတ်မှတ် ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ အသက် ၁၈ နှစ် အထက်ရှိပြီး၊ သတ်မှတ်ဦးစားပေးအုပ်စု အလိုက်ကာကွယ်ဆေး ထိုးနှံပေးရာတွင်