အမြို့မြို့အနယ်နယ်သတင်းများ

Jan 19,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့် မြို့နယ်တွင် ပြည်သူများစာဖတ်သည့် အလေ့အထ ကောင်းများနှင့် အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ရှင်သန်စေရေးအတွက် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနတွင် စာပေချစ်မြတ်နိုးသူများ (Book Club) အဖွဲ့၏ ဦးဆောင်မှုဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။
Jan 19,2022
မကွေးတိုင်းဒေသကြီး မကွေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလား (၆)မြို့နယ် အမျိုးသား / အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသည့် တောင်တွင်းကြီး မြို့နယ် အမျိုးသား/ အမျိုးသမီး ဘော်လီဘောအသင်းတို့အား ထပ်ဆင့်ဂုဏ်ပြုပွဲကို ယနေ့ မွန်းလွဲ (၁ )နာရီက တောင်တွင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jan 19,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြည်သူများအား စာပေဗဟုသုတများ တိုးပွားလာစေရေးအတွက် အသိပညာပေးလုပ်ငန်းများ အဖြစ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာနနှင့် အမှတ်(၈၅)သစ်စက်သို့ Mobile စနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Jan 19,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြုလေ့လာမှုစခန်း (ACLC) သိုလှောင်ရုံ၌ ယနေ့တွင် ဒိုက်ဦးမြို့နယ်အတွင်းရှိ နွေစပါးနှင့် နေကြာစိုက် တောင်သူများအား ဓာတ်မြေသြဇာများကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့သည်။
Jan 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်း ဝိုင်းဖွဲ့ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ် အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချ၍ တန်ဖိုးရှိသော လူမှု့ဘဝများဖြစ်လာစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်(၁၀:၀၀)နာရီက ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပ ပြုလုပ်ခဲ့သည်။
Jan 19,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မြန်ရောဂါနှင့် ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron)ရောဂါပိုး ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်ရေးအတွက်  ယနေ့နံနက် ၁၀ နာရီက  မြို့ပေါ်ရပ်ကွက်အတွင်း Hand Speaker ဖြင့် လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
Jan 19,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့သည် မြေဆီလွှာကောင်းမွန်၍ အပင်များစိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
Jan 19,2022
ရန်ကုန်အ​နောက်ပိုင်းခရိုင် ဒဂုံမြို့နယ်အတွင်းရှိ မိဘပြည်သူများအား ကိုဗစ် - ၁၉ ရောဂါမျိုးရိုးဗီဇပြောင်း အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက ယောမင်းကြီးရပ်ကွက်ရှိ ဗိုလ်ရာညွှန့်စျေး၊ ဘုရားကြီး ရပ်ကွက်ရှိ အခွန်လွှတ်စျေး၊ ဦးဝိစာရရပ်ကွက်ရှိ ဒဂုံရိပ်သာ စျေးတို့တွင် ​မော်တော်ယာဉ်ဖြင့် လှည့်လည်၍ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ပိုးမကူးစက်စေရေး အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။