အမြို့မြို့အနယ်နယ်သတင်းများ

Jan 19,2022
တနင်္သာရီတိုင်းဒေသကြီး၊  ထား၀ယ်ခရိုင်၊ ရေဖြူမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အား ၀န်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးမြင့်နှင့် ၀န်ထမ်းများက ယမန်နေ့ နံနက်(၉) နာရီအချိန်က ပန်းခင်းစီမံချက်ဖြင့် ထိန်ကြီးကျေးရွာ၊ အခြေခံပညာ အထက်တန်း ကျောင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
Jan 19,2022
ရှမ်းပြည်နယ် ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင် ဆုချီးမြှင့်ခြင်းဆိုင်ရာ စိစစ်ရေးကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 19,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ နံနက် ၁၀:၃၀ နာရီက ကလေးငယ်များအတွက် ပျော်ရွှင်စရာ ဉာဏ်ရည် ယှဉ်ပြိုင်မှု ဆိုင်ရာပြိုင်ပွဲများကို ပညာရေးဌာန၊ ပွင့်သာမြေစာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (BookClub)၊ မြို့နယ် အမျိုးသမီး ရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းတို့နှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက် များနှင့် အညီ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရ သည်။
Jan 19,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ရပ်ကွက်၊ ကျေးရွာများအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် နှစ်နှစ်အောက်ကလေးငယ်များအား တစ်လတစ်ကြိမ် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းအစီအစဉ် ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈ နာရီက မြောက်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 19,2022
ကျိုက်မရောမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလေးများ ဦးနှောက်ဉာဏ်ရည် ဖွံ့ဖြိုးတိုးတက်စေရန်၊ ကိုယ်ပိုင်တီထွင်တတ်သည့် အတွေးအခေါ်များ ရရှိစေရန်၊ အချင်းချင်းကောင်းသော ယှဉ်ပြိုင်မှုများတွင် ပါဝင်ယှဉ်ပြိုင်တတ်စေရန်နှင့် စာကြည့်တိုက်ကို အသုံးပြုတတ်သည့် အလေ့အကျင့်များရရှိစေရန် ရည်ရွယ်ချက်ဖြင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာန၊ (CommunityCentre)ခန်းမ၌ ပြုလုပ်ခဲ့သည်။
Jan 19,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ခမောက်ကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဌာနမှ ဝန်ထမ်းများမှ ခမောက်ကြီးမြို့ ဗိုလ်ချုပ် လမ်းမကြီးနှင့် ရပ်ကွက်လမ်းကြားများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးနည်းလမ်းများနှင့် လိုက်နာရမည့်စည်းမျဉ်းစည်းကမ်းများအား အများပြည်သူ သိရှိလိုက်နာနိုင်ရန် အသံချဲ့စက်ဖြင့် ယနေ့ နံနက်ပိုင်း လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
Jan 19,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကင်းတပ်ရေလှောင်တမံ၊ ကျေးပင်အက်ရေ လှောင်တမံ၊ ပေကြီးရေလှောင်တမံ၊ သိန်ရင်ရေလှောင်တမံ၊ မင်းမြင် ရေလှောင်တမံ၊ လင်ပန်းရေလှောင်တမံနှင့် လျှပ်စစ်ရေတင်လုပ်ငန်းတို့မှ နွေစပါး ၂၉၅၁၀ ဧကကို အောင်မြင်စွာစိုက်ပျိုးနိုင်ရေး ဆည်ရေများကို ဖေဖော်ဝါရီ ဒုတိယပတ်တွင် စတင်ပေးဝေ သွားမည်ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရသည်။
Jan 19,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးနှင့် ရတနာမေအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးငွေစု/ငွေချေး သမဝါယအသင်းတို့ ပူးပေါင်း၍ Online စနစ်ဖြင့် အများပြည်သူ အသိ ပညာပေး ရတနာမေ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး ငွေစု/ငွေချေးသမဝါယအသင်း၏ လုပ်ငန်း ဆောင်ရွက်ချက်များ(Talk Show)ကို  ယမန်နေ့နေ့လည် (၂)နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။