အမြို့မြို့အနယ်နယ်သတင်းများ

Jan 19,2022
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး သယံဇာတရေး ရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမူရေးဝန်ကြီး ဦးအေးလိူင်၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဇန်နဝါရီလ(၁၇)ရက်၊ မွန်းလွဲပိုင်းတွင် ကလေးခရိုင်၊ ကလေးမြို့သို့ ရောက်ရှိရာ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ရှိ ခန်းမတွင်ကျင်းပသော ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
Jan 19,2022
ရန်ကုန်အနောက်ပိုင်းခရိုင်း၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာ စေတီတော်ဝင်းအတွင်းရှိ ရတနာ့ဗိမာန်တော် တန်ဆောင်း တွင် ယမန်နေ့နံနက် (၉) နာရီအချိန်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ် (COVISHIELD) ကာကွယ်ဆေးထိုးနှံသူ ရပ်ကွက်(၃) ရပ်ကွက်မှလူဦးရေ စုစုပေါင်း(၁၄၃)ဦး အားထိုးနှံပေး ခြင်းများ ဆောင်ရွက်ခဲ့သည်။
Jan 19,2022
ပြည်ထောင်စုနယ်မြေ နေပြည်တော်  ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း  ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron) ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များကို ယနေ့ နံနက်ပိုင်းက ရပ်ကွက်နှင့်ကျေးရွာများသို့ သွားရောက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​​ရေး ဌာနမှဝန်ထမ်းများက အသိပေးနှိုးဆော်​ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့​ကြသည်။
Jan 19,2022
ပဲခူးခရိုင် ညောင်လေးပင်မြို့နယ်တွင် "အိုမီခရွန်" အကြောင်းသိကောင်းစရာများအကြောင်းကို ပြည်သူများ သိရှိစေရန်နှင့် လိုက်နာဆောင်ရွက်ကြစေရန် ရည်ရွယ်၍  အိုမီခရွန်အကြောင်းသိကောင်းစရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Jan 19,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀နာရီ က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြဧရာ (၁) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့နှင့် ပူးပေါင်း၍ စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ ဇန်နဝါရီလ ၁၉ ရက် နေ့လည် (၁)နာရီအချိန်က စာဖတ်ဝိုင်း ပြုလုပ် ဆောင်ရွက်ခဲ့သည်။
Jan 19,2022
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် ယနေ့နံနက် ၁၀နာရီ က မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ ပူးပေါင်၍ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ သစ်အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့တွင်လမ်းမကြီးတစ်လျှောက်နှင့် ရပ်ကွက်လမ်းသွယ်တို့၌ အသံချဲ့စက်ဖြင့် အရှိန်အဟုန်မြှင့် နှိုးဆော်ပေးသည်။
Jan 19,2022
ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါ အိုမီခရွန် ဖြစ်ပွားနေသည့် အတွက်ကြောင့် ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့နေ ပြည်သူများအား ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်း ၉ နာရီခွဲ အချိန်ခန့်တွင် ကျိုင်းတောင်းမြို့ပေါ်ရပ်ကွက်များသို့ သွားရောက်၍ အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။