တောင်ကုတ်တက္ကသိုလ်ဖွင့်ပွဲအထိမ်းအမှတ် အားကစားပြိုင်ပွဲများအားဖွင့်လှစ်ကျင်းပ

တောင်ကုတ်   ဇန်နဝါရီ  ၂၅

ရခိုင်ပြည်နယ်သံတွဲခရိုင်တောင်ကုတ်မြို့၌ တောင်ကုတ်တက္ကသိုလ် အဆင့်ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ယနေ့ နံနက် နာရီအချိန်ကစတင်ပြီး တောင်ကုတ် တက္ကသိုလ်ပင်မကျောင်းဆောင်ကြီး၏ ကွင်းပြင်၌ အားကစား ပြိုင်ပွဲများ ဖွင့်လှစ်ကျင်းပလျက်ရှိကြောင်း သိရသည်။

အဆိုပါ တောင်ကုတ်တက္ကသိုလ်ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများသို့ မြို့ပေါ်ရပ်ကွက်များနှင့် မြို့အနီး ပတ်ဝန်းကျင်ဒေသများမှ ဒေသခံလူငယ်အသင်းအဖွဲ့များ ဝင်ရောက်ကာ ပိုက်ကျော်ခြင်း ပြိုင်ပွဲ၊ ကျား၊ မဘော်လီဘောပြိုင်ပွဲများ၊ ကျား၊ မလွန်ဆွဲပြိုင်ပွဲများနှင့် ကုန်းလှေလှော် ပြိုင်ပွဲများအား ကျင်းပပေး လျက်ရှိရာ ေပျာ်ပွဲရွင်ပွဲများအား ဒေသခံပြည်သူများလာရောက်ကြည့်ရှုကာ စည်ကားလျက်ရှိကြောင်း သိရ သည်။ ဆက်လက်ပြီး ရခိုင်ရိုးရာကျင်ပွဲများအား ယနေ့နေ့လည်အချိန်မှစတင်ပြီး ကျင်းပပြုလုပ်လျက် ရှိပါသည်။

ကုန်းလှေပြိုင်ပွဲအားကစားပြိုင်ပွဲများ ကျင်းပခဲ့ရာ အုပ်စု(က) ပထမ ဂူတာရပ်ကွက်အသင်းနှင့် အုပ်စု() ဒုတိယ ချောင်းကောက်ရပ်ကွက် အသင်းအုပ်စု()ပထမ နိဗ္ဗာန်ကူးတို့လူငယ်များအသင်းနှင့် အုပ်စု(က)ဒုတိယ ဝက်ကျိတ်ကျေးရွာ လူငယ်များအသင်းတို့ ယှဉ်ပြိုင်ပြီး အနိုင်ရအသင်းဖြစ်သော ဂူတာရပ်ကွက်လူငယ်များ အသင်းနှင့် ဝက်ကျိတ်လူငယ်များအသင်းတို့  ဗိုလ်လုပွဲသို့တက်ရောက်ကာ  အရှုံးနှစ်သင်းမှာ တတိယလုပွဲ နေရာယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်းသိရသည်။

 စန်းဝင်း( ပြန်ဆက်)