သီပေါ ဇန်နဝါရီ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့် တိုက်တွင် မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ ၊ လူငယ်လူရွယ်များအတွက် အသိပညာဗဟုသုတများ ရရှိ စေရန်၊အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်နှင့် စိတ်အပန်းပြေပျော်ရွှင်စေရန် ရည်ရွယ်၍ Onlineမှတစ်ဆင့် သုတ၊ ရသ စာအုပ်စာစောင်မိတ်ဆက်ခြင်း အစီအစဉ်၊ ဆေးရောင်ခြယ်အစီအစဉ်၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း အစီအစဉ်များနှင့် ရောင်စုံစက္ကူလေးများဖြင့် အရုပ်ခေါက်/ ပန်းအလှခေါက်ခြင်းအစီအစဉ်များကိုရိုက်ကူး၍ သီပေါမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် နေ့စဉ်ထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်နန်းသိင်္ဂီစိုးက ကျောင်းသား၊ကျောင်းသူကလေးငယ်များ အားလပ်ချိန်တွင် အပန်းဖြေ နားဆင်နိုင်စေရန် ရည်ရွယ်၍ ကိုကာ့မျိုးနွယ်စု စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည့် “လိပ်ကလေး ကူးကူး” ပုံပြင်အား ဖတ်ပြခြင်း အစီအစဉ် ရိုက်ကူးကာ Onlineမှ တစ်ဆင့် ထုတ်လွှင့်ပေးခဲ့ကြောင်း သိရသည်။
ခင်လေး( ပြန်/ဆက်)