ညောင်လေးပင်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌စာဖတ်ဝိုင်းကျင်းပ

ညောင်လေးပင် ဇန်နဝါရီလ၂၆

ပြည်သူများ စာပေကိုမြတ်နိုး တန်ဖိုးထားတတ်စေရန်၊ စာပေ၏ တန်ဖိုးကိုနားလည်စေရန်နှင့် အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊‌‌ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်​နေ့ နေ့လည်၁နာရီက စာအုပ်စာပေ ဝါသနာရှင်များ နှင့်ပူးပေါင်း၍ စာရေးဆရာ ကလောင်စုံရေးသားသော လူငယ်နှင့်ဘ၀ရည်မှန်းချက်ပန်းတိုင် စာအုပ်အား စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်နီနီ၀င်းက စာဖတ်ဝိုင်း ဆောင်ရွက်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများအား စာပေကို မြတ်နိုးတန်ဖိုးထားတတ်ပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ မွေးမြူကြရန်နှင့် စာဖတ်ဝိုင်းများကို လစဉ်ပုံမှန် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။

ဆက်လက်ပြီး စာပေဝါသနာပါသူ ဦးခင်၀င်းက သရ၀ဏ်ပြည်‌ရေးသားသော လူငယ်နှင့် ဘ၀ရည်မှန်းချက် ပန်းတိုင်၊‌ ဒေါ်မိုးစန္ဒာ၀င်း စာထောက်၃မှ လူငယ်နှင့်မူးယစ်ဆေးဝါး၊ ဦးအောင်ဇော်မြင့် ရုပ်သံ၃မှလူငယ်နှင့်စာ စသည့် စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ရာ တက်ရောက်လာသူများက သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)