သံဖြူဇရပ်.ဇန်နဝါရီ ၂၅
ကိုဗစ်-၁၉အပါအဝင် ဗီဇပြောင်းမျိုးကွဲ သစ်အိုမီခရွန်ရောဂါကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ မွန်ပြည်နယ် ၊ သံဖြူဇရပ်မြို့နယ်တွင် ယနေ့မွန်းလွဲ၃နာရီက မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များပူးပေါင်း၍ မြို့တွင်းလမ်းမကြီးနှင့် လမ်းသွယ်တို့၌ အသံချဲ့စက်ဖြင့် နှိုးဆော်ပေးသည်။
အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါနှင့် စပ်လျဉ်း၍ ဗီဇပြောင်းမျိုးကွဲ သစ်ဖြစ်သည့် အိုမီခရွန်ကူးစက် ပျံ့နှံ့မှုသည် ကမ္ဘာ့နိုင်ငံအများအပြားတွင် ပိုမိုဖြစ်ပွားမှုများပြီး အာဆီယံနိုင်ငံများဆီသို့ ရောက်ရှိလာပြီဖြစ်ရာ မိဘပြည်သူများအနေဖြင့် ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ဟန့်တားနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကြောင့်ထိခိုက်ခဲ့ရသည့် စီးပွားရေးသက်ရောက်မှုများ ပြန်လည်ကုစားနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအား ဆက်လက်လိုက်နာ ကျင့်သုံးသွားကြပါရန်၊ အလှည့်ကျ ရောက်ရှိလာသည့် ကာကွယ်ဆေးကိုလည်း အကြိမ်ရေပြည့်ဝစွာထိုးနှံပေးရန်နှင့် ကာကွယ်ရေးလုပ်ငန်းများ တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။
အေးအေးမွန်(ပြန်/ဆက်)