နောင်ချိုမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးမိုဘိုင်းစနစ်ဖြင့် ဌာနဆိုင်ရာရုံးများအရောက် စာအုပ်များ အခမဲ့ ဌားရမ်းပေး

                                                         နောင်ချို    ဇန်နဝါရီ    ၂၆                                                                     

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ယမန်နေ့ နံနက် (၁၀)နာရီအချိန်က စိုက်ပျိုးရေးဦးစီးဌာနရုံးသို့ မိုဘိုင်းစနစ် ဖြင့် စာအုပ်များ ကွင်းဆင်းဌားရမ်းပေးခဲ့သည်။

မိုဘိုင်းစနစ်ဖြင့် စာအုပ်များငှားရမ်းပေးရာတွင် သုတ၊ရသ စာအုပ်များ၊ ပုံပြင်၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ဝတ္ထုစာ အုပ်များနှင့်အသိပညာ ဗဟုသုများစွာ ရရှိမည့် စာအုပ်များ စုံလင်စွာ ငှားရမ်ပေးနိုင်ရေးဆောင်ရွက်ခဲ့ရာ စာကြည့်တိုက်အသင်းဝင်(၈)ဦးအားသုတ(၃)အုပ်၊ရသ(၁၀)အုပ် ငှားရမ်း ပေးခဲ့သည်။ အဆိုပါ မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို တစ်ပတ်ပြည့်လျှင် စာအုပ်စာစောင်အသစ်များဖြင့် အပတ်စဉ် လဲလှယ် ငှားရမ်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထွေးငယ်၊ နောင်ချို