ကျောက်ကြီးမြို့တွင် ရုံးလမ်းဖွင့်ပွဲ ပြုလုပ်

ကျောက်ကြီး  ဖေဖော်ဝါရီ   

ကျောက်ကြီး၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် ရုံးလမ်းကွန်ကရစ်လမ်း သစ်ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့  နံနက် ၁၁ နာရီအချိန်က အဆိုပါလမ်းသစ် မုဒ်ဦးရှေ့တွင် ကျင်းပပြုလုပ် ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးဇော်လင်းထွန်းမှ လမ်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အဆိုပါရုံးလမ်းနေ ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် စည်ပင်သာယာရေးအဖွဲ့ပိုင်ရုံးလမ်း ကွန်ကရစ်လမ်းသစ်အား ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ခဲ့ကြသည်။

အဆိုပါ ရုံးလမ်းအား မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် ဌာန မီနီဘတ်ဂျက် (၁၁.၄၄၁) ကျပ်သန်းဖြင့် ပေအရှည် (၄၆၅)ပေ၊ အကျယ် (၁၀)ပေ၊ အမြင့်()လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းအား ဇန်နဝါရီ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခွန်ဆန်းမင်းထွန်း ထံမှသိရသည်။ အဆိုပါ လမ်းဖွင့်လှစ်ခြင်းဖြင့် ရပ်ကွက်နေဒေသခံပြည်သူများနှင့် ကျောင်းသားကျောင်းသူများ အဆင် ပြေစွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်