မှော်ဘီ ဖေဖော်ဝါရီ ၂
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ မှော်ဘီမြို့နယ်၊ ညောင်ကုန်းကျေးရွာအုပ်စု ကျေးရွာချင်းဆက် ကွန်ကရစ်လမ်း သစ်ဖွင့်ပွဲကို ယမန်နေ့ နံနက် ၈နာရီ အချိန်က မှော်ဘီမြို့နယ် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးဖြိုးအောင်ကြည်နှင့် အဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့သည်။
ထို့နောက် မှော်ဘီမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ အမှတ်တရ စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးကြပြီး ကွန်ကရစ်လမ်းသစ်အား ကြည့်ရှုခဲ့ကြသည်။ ယင်းကွန်ကရစ်လမ်းသစ်သည် ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် Master Glory ကုမ္ပဏီ တို့ပူးပေါင်း၍ ဆောင်ရွက်သော ညောင်ကုန်းကျေးရွာ အုပ်စု ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖြစ် ကြောင်းသိရသည်။
အဆိုပါ ကွန်ကရစ်လမ်းမှာ အရှည်ပေ-၂၀၀၀၊ အကျယ်- ၁၂ပေ၊ထု-၇လက်မ(၃ဖာလုံ-ပေ၂၀)ရှိ ကွန်ကရစ်လမ်း ခင်းခြင်းအား ၂၀၂၀-၂၀၂၁ခုနှစ် ဘဏ္ဍာ ရေးနှစ်၊ ရန်ကုန် တိုင်းဒေသကြီး၊ အစိုးရ အဖွဲ့ ရန်ပုံငွေ (၁၅၁.၅၀၀)သန်း ဖြင့် မှော်ဘီမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနက အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာ ရေးနှစ် ရန်ကုန်တိုင်း ဒေသကြီး၊အစိုးရ ရန်ပုံငွေကျပ် ၇၂၄၇.၃၀၈သန်းဖြင့် ညောင်ကုန်း ကျေးရွာအုပ်စု အပါအဝင် ကျေးရွာပေါင်း (၂၄)ရွာတွင်ကွန်ကရစ်လမ်း (၆)လမ်း၊မြေလမ်း(၂)လမ်း၊ တံတား အသစ်တည်ဆောက်(၂)စင်းနှင့်တံတားပြုပြင်(၅)စင်း စုစုပေါင်း လမ်း(၈)လမ်း၊တံတား(၇)စင်းတို့အား အကောင်ထည် ဖော်ဆောင်ရွက်ခဲ့ပြီး အဆိုပါကျေးရွာ ချင်းဆက် ကွန်ကရစ်လမ်း အကောင်ထည်ဖော် ဆောင်ရွက်နိုင်ခြင်းကြောင့် ဒေသခံပြည်သူများ အနေဖြင့် ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊စီးပွားရေး ကိစ္စရပ်များတွင် များစွာ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း သိရသည်။
ကောင်းမြတ်သူ (ပြန်/ဆက်)