အမြို့မြို့အနယ်နယ်သတင်းများ

Feb 04,2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဖေဖော်ဝါရီလ ၄ ရက် နံနက်( ၁၀)နာရီ  မန္တလေးတိုင်းဒေသကြီး၊ မန္တ‌လေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ခန်းမ၌ကျင်းပပြုလုပ်သည်။ ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ဦးစီးမှူး‌ဒေါ်ခင်စိမ်း၀င်းက ပြိုင်ပွဲကျင်းပရခြင်းနှင့် ပြိုင်ပွဲ စည်းကမ်းချက်များ ကိုရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် အဆိုပါဆေးရောင်ခြယ်ပြိုင်ပွဲသို့ KG အဆင့်နှင့် မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၂၀)ဦး ပါဝင်ယှဉ်ပြိုင် ခဲ့ကြောင်း သိရသည်။
Feb 04,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့၌ ရှေးဦးပြုစုခြင်း အခြေခံအဆင့် သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက ပေါင်းတည်မြို့မ အ-ထ-က ကျောင်းခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Feb 04,2022
ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်မှ ဧပြီ ၉ ရက်အထိ ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲသို့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၅၈၃) ဦး ဖြေဆိုခွင့် လျှောက်လွှာများ တင်သွင်းထားကြောင်း သိရသည်။
Feb 04,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ စာအုပ်/စာစောင်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်၁၀နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Feb 04,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့နံနက် ၁၁ နာရီအချိန်က ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (၆) လဘတ်ဂျက်တွင် မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်သည့် သာဂရ-ကိုးပင်လမ်းမိုင် ၈၆/၅-၈၆/၆ အတွင်းရှိ ပျက်စီးနေသော Box Culvert ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
Feb 04,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ဘောလုံးကွင်းအတွင်း ဖေဖော်ဝါရီ ၄ ရက်၊နံနက် ၉ နာရီအချိန်က(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ဆန်ကောရွက်ပြိုင်ပွဲ(မ)၊  အာလူးကောက်ပြိုင်ပွဲ(မ)၊ ပီနံအိတ် စွတ်အပြေးပြိုင်ပွဲ(ကျား၊မ) မီတာ ၁၀၀ (ကျား၊မ)နှင့်မီတာ ၂၀၀ ကျားမပြိုင်ပွဲများကျင်းပရာ ကျောင်းအုပ်ဆရာကြီး၊ဆရာ/ဆရာမများနှင့် ကျောင်းသား၊ကျောင်သူများက ကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။
Feb 04,2022
စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် တူယှဉ်နွှဲပျော်ဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲ ဒုတိယအဆင့်ပွဲစဉ် စိတ်ကြိုက် သီချင်းသီဆိုမှုကို ယနေ့ (သောကြာနေ့) ညတွင် မြဝတီစင်တာ၌ ကျင်ပမည်ဖြစ်ပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ တိုက်ရိုက် Live ရိုက်ကူး ထုတ်လွှင့်မည်ဖြစ်သည်။