အမြို့မြို့အနယ်နယ်သတင်းများ

Feb 04,2022
သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန( Community Center)၌ Youth Club ၏ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခြင်းကို  ယနေ့နံနက်က အဆိုပါစင်တာရှိ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
Feb 04,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရွှေကျွန်းမြေအားကစားကွင်းအတွင်း တည်ဆောက်သော မိုးလုံလေလုံ အားကစားရုံတည်ဆောက်မှု ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။
Feb 04,2022
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် ပန်းတနော် မြို့နယ်ရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေအား သွားရောက် ကြည့်ရှုစစ်ဆေးရာ ရွှေကျောင်းမြောက် ကျေးရွာအုပ်စု၊ ဘုရားပျိုကျေးရွာရှိ ချမ်းသာကြီး ဘုန်းတော်ကြီးကျောင်းသို့ ယမန်နေ့ နံနက် ၁၁ နာရီခွဲက ရောက်ရှိပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်နည်း သင်တန်းအား ကြည့်ရှု စစ်ဆေးခဲ့သည်။
Feb 04,2022
ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်းမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်မှု လုပ်ငန်းစည်းကမ်းချက်များနှင့်အညီ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာအတွင်း ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြ ကြောင်း သိရသည်။
Feb 04,2022
ကော့သောင်းခရိုင်၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ဆောင်းရာသီ အခြေခံအားကစားသင်တန်းများဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကော့သောင်းခရိုင်၊ နဝရတ် အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Feb 04,2022
အမရပူရမြို့နယ် မြို့နယ်သမဝါယမအသင်းစုနှင့် ဆင်စွယ်ပွတ်ရောင်းဝယ်ရေး သမဝါယမ (လီမိတက်) တို့ပူးပေါင်း၍ အသင်းသား၊ အသင်းသူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ဖေဖော်ဝါရီလ(၂)ရက်နေ့လယ် (၁၂)နာရီအချိန်က ဆင်စွယ်ပွတ်ရပ်ကွက် ကြေးလက်ဆက်ဘုရား ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
Feb 04,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ သန့်ရှင်းသာယာလှပစေရးအတွက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ကြက်မင်းတွန်ရပ်ကွက် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးပတ်လမ်းအား ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူပြီးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Feb 04,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် သာယာအေးကျေးရွာတွင် ဆောင်းသီးနှံ မတ်ပဲစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်း လျက်ရှိကြောင်း သိရသည်။