ရန်ကုန် ဖေဖော်ဝါရီ ၄
စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် တူယှဉ်နွှဲပျော်ဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲ ဒုတိယအဆင့်ပွဲစဉ် စိတ်ကြိုက် သီချင်းသီဆိုမှုကို ယနေ့ (သောကြာနေ့) ညတွင် မြဝတီစင်တာ၌ ကျင်ပမည်ဖြစ်ပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ တိုက်ရိုက် Live ရိုက်ကူး ထုတ်လွှင့်မည်ဖြစ်သည်။
တူယှဉ်နွဲပျော် ဂီတပွဲတော်သီးချင်းဆိုပြိုင်ပွဲကို ၂၀၂၁ ခုနှစ်နိုဝင်ဘာ ၂၆ ရက်နေ့မှစတင်၍ အပတ်စဉ် သောကြာနေ့ညတိုင်း ကျင်းပခဲ့ရာ ယခုအခါ ဒုတိယအဆင့်ပြိုင်ပွဲကို ပြိုင်ပွဲဝင် ၁၀ ဦးဖြင့် ဖေဖော်ဝါရီ ၄ ရက်နေ့တွင် စိတ်ကြိုက်တေးသီချင်းများဖြင့် လည်းကောင်း၊ ဖေဖော်ဝါရီ ၆ ရက်နေ့တွင် ပြဌာန်းတေးသီချင်းများဖြင့်လည်းကောင်း ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
အဆိုပါ ပွဲစဉ်တိုင်းရင်းသားပြိုင်ပွဲဝင်များဖြစ်ကြသည့် မကွေးတိုင်းဒေသကြီးမှ MF01 မြတ်နိုးစံ၊ ရန်ကုန်တိုင်းဒေသကြီးမှ MF02 ကြူကြူခိုင်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ MF03 ရေဂျီနား၊ မန္တလေးတိုင်းဒေသကြီးမှ MF04 ဇော်ထွေးလတ်၊ ကချင်ပြည်နယ်မှ MF05 အရိန့်၊ ဧရာဝတီတိုင်းဒေသကြီးမှ MF06 ဇင်သူသူထွန်း၊ ဧရာဝတီတိုင်းဒေသကြီးမှ MF07 ချိုမီမီဇော်၊ ကရင်ပြည်နယ်မှ MF08 ချမ်းဟိန်းဝင်းထွန်း၊ ရန်ကုန်တိုင်းဒေသကြီးမှ MF09 စျန်ထူး၊ ပဲခူးတိုင်းဒေသကြီးမှ MF10 ချစ်နုတို့က ယှဉ်ပြိုင်သီဆိုကြမည်ဖြစ်ပြီး The Ensenble တေးဂီတအဖွဲ့မှ တီးခတ်ပေးမည်ဖြစ်သည်။
ပထမပွဲစဉ်အုပ်စုပြိုင်ပွဲတွင် အကဲဖြတ်ဒီုင်အဖွဲ့၏ အမှတ်ပေးမှုဖြင့် ဆောင်ရွက်ခဲ့သောလည်း၊ ဒုတိယအဆင့်နှင့် တတိယအဆင့်ပြိုင်ပွဲများတွင် အကဲဖြတ်ဒိုင်များအမှတ်ပေးမှုအပြင် ပရိတ်သတ်များ အနေဖြင့် MPTနှင့် Mytel SIM Cardများကို အသုံးပြု၍ Voting မဲပေးနိုင်မည်ဖြစ်ရာ မိမိတို့ကြိုက်နှစ်သက်သည့် ပြိုင်ပွဲဝင်ကို Voting Time သတ်မှတ်ချိန်အတွင်း SMS ပေးပို့မဲပေးခြင်းကို အရေအတွက် အကန့်အသတ်မရှိဘဲ MPT Sim Card များမှ ကုဒ်နံပါတ်”7522”သို့လည်းကောင်း၊ Mytel Sim Card များမှကုဒ်နံပါတ် “7575” သို့လည်းကောင်း SMS ဖြင့် ပြိုင်ပွဲဝင်၏ MF နံပါတ်ကိုရိုက်နှိပ်၍ ပေးပို့နိုင်မည်ဖြစ်သည်။ ယင်းပြိုင်ပွဲကို ဒုတိယအကြိမ်အဖြစ် ဖေဖော်ဝါရီ ၆ ရက်(တနဂ်နွေ) နံနက် ၁၀ နာရီခွဲတွင်ထပ်မံ ထုတ်လွှင့်ပြသမည်ဖြစ်သည်။
ပွဲစဉ်များ၏ နောက်ဆုံးသုံးပွဲကို ရန်ကုန်မြို့ပြည်သာယာရှိ၊ မြဝတီစင်တာတွင် ဖေဖော်ဝါရီ ၄ ရက်(သောကြာနေ့) ညများတွင် တိုက်ရိုက် Live ရိုက်ကူးထုတ်လွှင့်ပြသပေးမည် ဖြစ်ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)