အမြို့မြို့အနယ်နယ်သတင်းများ

Feb 04,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် နောင်ခမ်းဆည်မှ သီးနှံမျိုးစုံ(၂၂၃၁) ရေပေးဝေနေသည့် သံရွာကျေးရွာအုပ်စု၊ နောင်ခမ်း ကျေးရွာအနီးရှိ ကဒူးမြောင်းရေသွင်းတံခါးအား ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူပြီး ပြန်လည်ပြုပြင်ပေးလျက်ရှိကြောင်းသိရသည်။
Feb 04,2022
လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်သူများဖြစ်ပေါ်လာစေရန်၊ အားကစားစိတ်ဓာတ်ကို အခြေခံပြီး ကာယ၊ ဉာဏ၊ စာရိတ္တကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြည်ထောင်စုနယ်မြေ ကိုယ်စားပြု အားကစားသမားကောင်းများပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ နေပြည်တော် ကောင်စီ အမျိုးသမီးအားကစားအဖွဲ့ နာယကဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီး ကိုယ်ကာယ ကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲကို ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်းအားကစားခန်းမ၌ ကျင်းပလျက်ရှိရာ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ(၄)နာရီတွင် အဆိုပါ အားကစား ခန်းမ၌ ကျင်းပသည်။
Feb 04,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး၊ အနောက်ပုလင်း ကျေးရွာအနီး ဧရာဝတီ မြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာ ဆင်စခန်း ကိုဗစ်-၁၉ရောဂါ ကာလအတွင်း မြန်မာပြည်အရပ်ရပ်မှ ဆင်ချစ်သူများက Online မှတဆင့်ဆက်သွယ်၍ ဆင်စာဘူဖေးကျွေးမှု များပြားလာကြောင်း ဆင်စခန်းတာဝန်ခံ ထံကသိရသည်။
Feb 04,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ် မရှိသူများအား ပန်းခင်းစီမံချက် ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူ (၁၃၁၆၆) ဦး ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရသည်။
Feb 04,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်စိုက်ပျိုး​ရေးဦးစီးဌာနမှ အင်းကုန်းဘက်စုံစံပြ ကျေးရွာရှိ ကုလားပဲ၊ မတ်ပဲနှင့် ပဲမျိုးစုံစိုက်တောင်သူများအား မျိုးစေ့နှင့် ဘိုရွန်လက်ချား မြေဩဇာများကို ယမန်နေ့ နေ့လယ်ပိုင်းက အင်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှုးရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။
Feb 04,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် သစ်တောဦးစီးဌာနက ၂၀၂၂ ခုနှစ် မိုးရာသီစိမ်းလန်းစိုပြည်ရေးအတွက် ရွေဝါမြိုင် သစ်တောပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း(၆၀၀၀၀)ပင် ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးမှူးထံမှ သိရသည်။
Feb 04,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း၌ ယနေ့နံနက်(၁၀)နာရီအချိန်တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ များက ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ (၁၂)ရက်နေ့တွင် ကျရောက်လာမည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်(အကြို) မြို့နယ်အဆင့် ပန်းချီပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ကျဘန်းစကားပြောပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 04,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်သည် ဝမ်းစာအတွက်သာ ဖူလုံစေသည့် ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးသည့် စနစ်မှတောင်သူများ အတွက် စိုက်ပျိုးစီးပွားအရ ဝင်ငွေရသီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး ၂၀၂၁ ခုနှစ်မှစတင်ပြီး သီးနှံသစ်တောရောနှော စိုက်ပျိုးသည့် စနစ်အား စိုက်ပျိုးရေး ဦးစီးဌာနမှဦးဆောင်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။