မိုးနဲမြို့နယ်၌ ၇၅ ကြိမ်‌မြောက် ပြည်‌ထောင်စု‌နေ့ အထိမ်းအမှတ် မြို့နယ်အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်း၊ ပြေး၊ ခုန်၊ ပစ် အားကစားပြိုင်ပွဲ ဖွင့်လှစ်

မိုးနဲ ဖေဖော်ဝါရီ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်အတွင်း ၇၅ ကြိမ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား လုပွဲအခမ်းအနား ဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီ အချိန်က မိုးနဲမြို့နယ် အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားဖွင့်ပွဲကို မြို့နယ် အုပ်ချုပ်ရေးမှူးမှ အားကစားသည် ကိုယ်ကာယ ကျန်းမာရေး အတွက် အရေးကြီးကြောင်း၊ ယခင် မြန်မာ့အားကစားသည် ကမ္ဘာကို လွှမ်းမိုးနိုင်ခဲ့ကြောင်း၊ အားကစား စိတ်ဓာတ် အပြည့်အဝထားရှိရန်လိုကြောင်းနှင့် ခေတ်သစ် လူငယ်များ အနေဖြင့် ယခုလို အားကစား စိတ်ဓာတ်ထက်သန်ခြင်းကို အလွန်ဝမ်းမြောက် ဂုဏ်ယူ၍ အားပေးနေကြောင်း ပြောကြားခဲ့၍ ဖွင့်လှစ် ပေးခဲ့ပြီး အားကစားမှူးမှ ဦးဆောင်၍ အလံတင် အခမ်းအနား၊ အလံချ အခမ်းအနား ပြသခဲ့ကြပြီး အားကစား ဂတိသစ္စာ ၄ ချက် တို့ကို ရွတ်ဆိုခဲ့ကြကာ  စနစ်တကျ အလေးပြုထွက်ခွာခဲ့ကြသည်။ ထို့နောက် မိုးနဲ အ.ထ.က ကျောင်းမှ အထက်တန်း ကျောင်းသူ၊ ကျောင်းသား‌လေးများမှ အေရိုးဗစ် အက၊ ရှမ်းရိုးရာ သိုင်းအကနှင့် ရှမ်းရိုးရာ တိုင်းရင်းသူ အကများကို ကပြဖျော်ဖြေခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ ရဲမှူး ဦးနီဝင်း၊ ဗိုလ်မှူး အောင်ကိုထွန်းနှင့် အားကစားမှူးများ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။

ဇင်ကိုကို(ပြန်/ဆက်)