(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ယိမ်းအကပြိုင်ပွဲနှင့် တိုင်းရင်းသားရိုးရာ ဝတ်စုံပြိုင်ပွဲ တွံတေး၌ ကျင်းပ

တွံတေး ဖေ​ဖော်ဝေါရီ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ယိမ်းအကပြိုင်ပွဲနှင့် တိုင်းရင်း သားရိုးရာဝတ်စုံပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ယုဇနခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲတွင် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ဦးကျော်မြင့်၊ အတွင်းရေးမှူး ဗိုလ်မှူးဇာနည်မောင်တို့က အမှာစကားများ ပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်မြချိုက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်အေးအေးမော်က ပြိုင်ပွဲနှင့်ပတ်သက်သည့် စည်းမျဉ်း စည်းကမ်းနှင့် အမှတ်ပေးမှုတို့အား ရှင်းလင်း ပြောကြားကာ အမှတ်ပေးဒိုင်များနှင့် မိတ်ဆက်ပေးပြီး ​ယနေ့တွင် ယိမ်းအကအလှပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ယိမ်းအကအလှပြိုင်ပွဲသို့ ပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ဦးကျော်မြင့်၊ အတွင်းရေးမှူး ဗိုလ်မှူးဇာနည်မောင်နှင့် ကော်မတီဝင်များ ဌာနဆိုင်ရာများ ဆရာ၊ ဆရာမများ​ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြည့်ရှု့ အားပေးခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲတွင် ကျောင်းပေါင်း (၁၁)ကျောင်းမှ ယိမ်းအဖွဲ့ပေါင်း (၇၆)ဖွဲ့ ပါဝင်ယှဉ်ပြိုင်ကြ​ကြောင်း သိရသည်။

ပြိုင်ပွဲများကို ဖေဖော်ဝါရီ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ (၃)ရက် ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲအမျိုးအစားများမှာ ထက်၊ လယ်၊ မူ စာစီစာကုံးပြိုင်ပွဲ၊ ထက်၊ လယ်အဆင့် ကဗျာပြိုင်ပွဲ၊ တိုင်းရင်းသားရိုးရာ အဝတ်အစားပြိုင်ပွဲနှင့် ယိမ်းအကအလှပြိုင်ပွဲများကို စည်းကား သိုက်မြိုက်စွာ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

တွံတေးသား