ဝါးခယ်မမြို့နယ်၌ ဟံသာဝတီ ကျောင်းတိုက်ကိုဗစ်စင်တာသို့ positive လူနာအဖြစ် ဝင်ရောက် နေသောသူများကို မနက်၊‌ နေ့လယ် ညနေစာများ အခမဲ့ကျွေးမွေး

ဝါးခယ်မ ဖေဖော်ဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဟံသာဝတီကျောင်းတိုက် ကိုဗစ်စင်တာသို့ positive လူနာအဖြစ် ဝင်ရောက်နေသောသူများအားလုံးကို နံနက်စာ၊ နေ့လယ်စာများကို ၂၀-၂-၂၀၂၂ ရက်နေ့မှစ၍ အခမဲ့တာဝန်ယူ ကျွေးမွေးလျက်ရှိသည်။ မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးတုံ့ပြန်ရေးကော်မတီသည် အသက်(၆၀)နှစ်နှင့် အထက်ရှိသော High Risk ရှိသူ Positive လူနာများကို ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသပေးလျက်ရှိပြီး အခြား Positive  လူနာများကို ဟံသာဝတီကျောင်းတိုက် ကိုဗစ်စင်တာ၌ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ အဖွဲ့ဝင်များက အနီးကပ်ကြီးကြပ် ပြုစုပေးလျက်ရှိကြောင်း သိရသည်။

ရီရီလွင်(ဝါးခယ်မပြန်/ဆက်)