မြေပုံ ဖေဖော်ဝါရီ ၂၂
ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron)ပိုးသည် မြန်မာနိုင်ငံအနှံ့အပြားတွင် ကူးစက်မှုမြှင့်မားလာခြင်းကြောင့် ၊ မြေပုံမြို့နယ်တွင် ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်း၍ (Mask Campaign) ပြုလုပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြေပုံမြို့ မြို့မဈေး၊ လူစည်ကားရာ နေရာများနှင့် လမ်းဆုံလမ်းခွများတွင် ပြုလုပ်ဆောင်ရွက် ကြကြောင်း သိရသည်။
အဆိုပါ (Mask Campaign) ပြုလုပ်မှုတွင် မြေပုံမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင် ဦးဆောင်၍ မြေပုံမြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက ဈေးအရောင်းအဝယ် သွားလာနေကြသည့် ပြည်သူများနှင့် လမ်းမပေါ်သွား လာနေသည့် ပြည်သူများကို နှာခေါင်းစည်း (Mask) ၁၀၀၀ ခု ဖြန့်ဝေပေးခြင်း၊ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron)ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးများ ဆောင်ရွက်ကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)