တာမွေမြို့နယ်ရှိ ဒဂုဏ်ညွန့်စျေးတွင် မီးဘေးအစေရေးအတွက်န္တရာယ် မဖြစ်ပေါ် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

ရန်ကုန်     ဖေဖော်ဝါရီ    ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ စည်ပင်သာယာစျေးများတွင် ညအချိန်များ၌ မီးဘေး အန္တရာယ် မဖြစ်ပေါ်စေရေး၊ မသင်္ကာဖွယ်ရာ ပစ္စည်းများ မရှိစေရေးနှင့် စျေးများအတွင်း ဘေးကင်းလုံခြုံမှု ရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန် ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ ညပိုင်းအချိန်က တာမွေမြို့နယ်ရှိ ဒဂုဏ်ညွန့် စျေးတွင် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး အတွက် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ တာမွေမြို့နယ်ရှိ ဒဂုဏ်ညွန့်စျေးတွင် ညအချိန်များ၌ မီးကြွင်းမီးကျန်များမှတစ်ဆင့် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး၊ မသမာသူများထားရှိသော မသင်္ကာဖွယ်ရာ ပစ္စည်းများကြောင့် မီးလောင်ကျွမ်းခြင်းများ မဖြစ်ပေါ်စေရေးနှင့် စျေးသူ/သားများ သိမ်းဆည်းထားရှိသော ကုန်ပစ္စည်းများ လုံခြုံမှုရှိစေရေးတို့အတွက် စဉ်ဆက် မပြတ် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက် လျက်ရှိပြီး ယခုအခါ ရန်ကုန်မြို့ရှိ စည်ပင်သာယာစျေး တစ်ချို့တွင် မီးလောင်ကျွမ်းခြင်းများ မကြာခဏဆိုသလို ဖြစ်ပေါ်နေ သည့်အတွက် မီးဘေးလုံခြုံရေးကို အဓိကထား စစ်ဆေးခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် စည်ပင်သာယာရေး ကော်မတီအနေဖြင့် တာမွေမြို့နယ်ရှိ ဒဂုဏ်ညွန့်စျေးအား စျေးအင်္ဂါရပ်နှင့် ပြည့်စုံညီညွတ်မှု ရှိစေရေးအတွက် စျေးအတွင်း သန့်ရှင်းသပ်ရပ်စေရေး၊ လုံခြုံမှုရှိစေရေးနှင့် မြို့နယ် စည်ပင်သာယာရေးကော်မတီမှ သတ်မှတ်ထားသော စည်းကမ်းချက်များ နှင့်အညီ ရောင်းချ နိုင်စေရေး၊ စျေးအတွင်း ကိုဗစ်-၁၉ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် အထူးအလေးထား ဆောင်ရွက်နေသလို နွေရာသီ ကာလ၌ အဆိုပါ ဒဂုဏ်ညွန့်စျေးအတွင်း  မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက်လည်း ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် အသိပညာ ပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်