ကျိုက်ထိုမြို့နယ်၌ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်( Talk Show) ဆွေးနွေးပွဲ ပြုလုပ်

ကျိုက်ထို မတ် ၈

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် (TalkShow) ဆွေးနွေးပွဲ ကျင်းပ​​ပြုလုပ်ခဲ့သည်။
အဆိုပါ Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က ဆွေးနွေးပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကျိုက်ထို မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်ခင်စန်းယုက "စဉ်ဆက်မပြတ် တိုးတက်ဖို့ ကျား၊ မတန်းတူညီမျှစို့" ဆောင်ပုဒ်နှင့်အညီ အမျိုးသမီးများဘ၀ ဖွံ့ဖြိုးတိုးတက်စေရန်၊ အမျိုးသမီးများ ဘ၀လုံခြုံမှုရှိစေရန် ကျား/မ တန်းတူအခွင့်အရေးရရှိစေရန်နှင့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်စေရန် စသည်တို့ကို ဆွေးနွေး ပြောကြားခဲ့ကြောင်းသိရသည်။

၀င်းမောင်(ကျိုက်ထို)