သရက်ချောင်းမြို့၌ ကိုယ်ဝန်‌ဆောင်မိခင်များနှင့်မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း ဆောင်ရွက်

သရက်ချောင်း  မတ်

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက်()နှစ်အောက် ကလေးငယ်များအတွက် ပိုမိုကောင်းမွန်သော အနာဂတ်ရရှိခံစားနိုင်ရေးအတွက် ကူးစက်ရောဂါများ ကာကွယ်နိုင်ရေး ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ကိုဗစ်-၁၉ လမ်းညွှန်ကြားချက်များနှင့်အညီ ယမန်နေ့ နံနက် နာရီက သရက်ချောင်းမြို့နယ်၊ ကျန်းမာရေဦးစီးဌာနတွင် သားဖွားဆရာမ ဒေါ်သင်ဇာသိန်းဝင်းနှင့် ဝန်ထမ်းများက ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

မွေးကင်းစမှ အသက် () နှစ်အောက်ကလေးငယ်များအား အသက်အရွယ်အလိုက် ဘီစီဂျီ၊ ပြင်းထန်အဆုတ် ရောင်(ပီစီဗီ) ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ) ကာကွယ်ဆေး၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ် ကာကွယ်ဆေး) ဝက်သက်နှင့် ဂျိုက်သိုးရောဂါကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ် ဆေးထိုးနှံခြင်း၊ ပိုလီယို ကာကွယ်ဆေး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာ) ကာကွယ်ဆေးတိုက်ကျွေးပေးပြီး၊ ကလေးငယ်များအား ကိုယ်အလေးချိန်တိုင်းပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများနှင့် ကိုယ်ဝန်ဆောင်မိခင်များကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို သရက်ချောင်းမြို့အတွင်းရှိ  မတ်လအတွင်း စတင်ထိုးနှံ ပေးသွားရန် စီစဉ်ထားရှိကြောင်းနှင့် ထိုးနှံပေးမည့် အစီအစဉ်များကို ရပ်ကွက်နှင့် ကျေးရွာ ဆေးထိုးစုရပ်များတွင် လစဉ်ပုံမှန်ကာကွယ်ဆေးများ ကျေးရွာများအလိုက် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နန်းခလိုက်(သရက်ချောင်း)