သုံးခွ မတ် ၉
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် အသက်၁၈နှစ်အထက် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူ ပြည်သူများအား အိန္ဒိယနိုင်ငံထုတ် (Covishield) ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းနှင့် ကိုယ်၀န်ဆောင်နို့တိုက်မိခင်များအား (Sinopharm) ထိုးနှံခြင်းကို ယနေ့နံနက် ၉နာရီအချိန်က မြို့နယ်အားကစားခန်းမ ခြင်းလုံးရုံ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးနေမှုနှင့် ပက်သက်၍လည်း ကျန်းမာရေးမှူး အဆင့်(၁) ဦးအောက်ဇော်ထက်က ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနေမှုအား (၄)လပိုင်းကုန်ထိ အသက်(၁၈)နှစ်အထက် အကျိုး၀င် လူဦးရေ (၁၀၀)ရာခိုင်နှုန်း ပြည့်မီအောင် ထိုးနှံပေးသွားမှာဖြစ်ကြောင်း၊ ကာကွယ်ဆေးတစ်ကြိမ်မှ မထိုးနှံရသေးသူ ပြည်သူများကိုလည်း (Covishield) ကာကွယ်ဆေးထိုးနှံပေးနေတာ ဖြစ်ပါကြောင်း နှင့် Phase1 မှ Phase8 ထိရှိပြီး Phase3၊ Phase4 မှာ အကြောင်းအမျိုးမျိုးကြောင့် Second Does ထိုးနှံရန် ကျန်ရှိနေသူတွေကိုလည်း (Sinovac) ဆက်လက် ထိုးနှံပေးနေခြင်း ဖြစ်ပါကြောင်းနှင့် Phase8 (Covishield) ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးနေတာ ဖြစ်ပါကြောင်း၊ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့ပေါ်စုရပ်များအပြင် ကျေးရွာများမှာလည်း သက်ဆိုင်ရာ ကျန်းမာရေး ၀န်ထမ်းများမှ စုရပ်များခွဲ၍ ထိုးနှံပေးနေတာ ဖြစ်သောကြောင့် မိဘပြည်သူများ အနေဖြင့် ရောဂါကြီးကို ကာကွယ်နှိမ်နှင်းနိုင်ဖို့ဆိုရင် ကာကွယ်ဆေးထိုးနှံခြင်းဟာ အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါ၀င်သောကြောင့် မဖြစ်မနေ ကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံပေးစေလိုကြောင်း ပြောကြားသည်။
သုံးခွမြို့နယ်တွင် ၁၇-၃-၂၀၂၂ ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး first Dose ထိုးနှံပြီးသူ (၉၆၀၀၀)ဦး၊ second Dose ထိုးနှံပြီးသူ (၉၁၅၅၂)ဦးရှိပြီး ရာခိုင် နှုန်းအနေဖြင့် (၈၇.၂၂%)ရှိပြီး ဆေးထိုးရန် ကျန်ရှိနေသူများအား သိရှိစေရန် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများအလိုက် အသံချဲ့ဆက်ဖြင့် လိုက်လံအသိပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။
စည်သူလင်း